💗Poetries Of Love 💗 {Part 1 }
ကြီးမား ကျယ်၀န်းလှတဲ့ ခြံအကျယ်ကြီးရဲ့ အလည်တည့်တည့်မှာ ရှိနေတဲ့ အိမ်ကြီးဟာ နန်းတော်ကြီးတစ်ခုအလား ခမ်းနား ထည်၀ါ လွန်းလှတယ်........
ထိုအိမ်ကြီးရဲ့ နံဘေး ရေကူးကန်ရဲ့ ပတ်လည်မှာတော့ မီးရောင်စုံတွေနဲ့ လူအများ အစုံအလင်
ရောက်ရှိနေတဲ့ ခမ်းခမ်းနားနား Party ပွဲတစ်ခု
ကျင်းပလို့ နေတယ် ......ထို party ပွဲကတော့ အိမ်ကြီးရဲ့ အရှင်သခင်ဖစ်တဲ့ Mew Suppasit ရဲ့ အသက် ၂၈ ပြည့် မွေးနေ့ပွဲ ပါတီ ဖစ်တယ်......
အထက်တန်း အလွှာက လူကုံထံတွေ ဟာ ခမ်းခမ်းနားနား ၀တ်ဆင်ရင် party ပွဲကို လာရောက်ကြတယ် မိန်းကလေး အများစုကတော့ ဆွဲဆောင်မှုရှိတဲ့ ရင်ဟိုက် အတိုအပြတ်တွေနဲ့ Mew ဆီက အာရုံစိုက်မှု ခံရအောင် ကြိုးစားနေကြတယ်.......
ထို မိန်းကလေး များထဲမှ ပေါင်အလည်လောက်ထိ ခွဲထားပြီး အနီရောင် လက်တစ်လုံး Fit ဂါ၀န်ရှည်ကို ၀တ်ဆင်ထားတဲ့ လှပကျော့ရှင်းတဲ့ အမျိုးသမီး တစ်ယောက်ဟာ Mew နဲ့ လုပ်ငန်းရှင် တစ်ချို့ စကားပြောနေတဲ့ နေရာအထိ ရောက်လာခဲ့ပြီး...
" Happy Birthday ပါ Mew"
" Thank pr Yuki"
Yukiက Mew အား နှုတ်ဆက်ကာ Mew ရဲ့ လက်သို့ ၀င်ချိတ်ရန် ဟန်ပြင်လိုက်စဥ်မှာဘဲ တခြားမိန်းကလေး တစ်ယောက်က သူ့ကို ပခုံးဖြင့် တွန်းကာ Mew ရဲ့ လက်မောင်းအား ခပ်မြန်မြန် ၀င်ချိတ်လိုက်တာကြောင့် Yuki ဟန်ချက်ပျက်ကာ လဲမလို ဖစ်သွားတယ်....
"အာ Sorry နော် ၀င်တိုက်မိသွားတယ် "
"အဟင်း ရပါတယ် "
Yuki မျက်နှာ ပျက်သွားပေမယ့် Mew ရှေ့ဖစ်တာကြောင့် မျက်နှာကို ချက်ချင်းပြင်လိုက်ကာ အောင့်သက်သက်နဲ့ပြန်ပြောလိုက်တယ်......
YOU ARE READING
💗Poetries Of Love💗
FanfictionMew Suppasit မင်းကို မတွေ့ရရင် ကိုယ်မပျော်ဘူး မင်း ငိုနေရင် ကိုယ် နာကျင်ရတယ် မင်းကို တွေ့နေရရင် ကိုယ်ရင်ခုန်တယ် မင်းပျော်နေရင် ကိုယ် ကျေနပ်နေမိတယ် အဲ့ဒါတွေက အချစ်ရဲ့ လက္ခာတွေဆိုရင်တော့ သေချာတယ် ကိုယ်မင်းကို ချစ်မိနေပြီ ချာတိတ်........ Gulf Kanawut အ...