💗Poetries Of Love 💗{ Part 9}
Mook နဲ့ Nya တို့ စီးနှင်းလာတဲ့ ကားလေး
|Best Firends| ဆိုတဲ့ သူတို့ပိုင်ဆိုင်ရာ
Coffee ဆိုင်လေးကို ရောက်လာတယ် Mook
နာရီလေး ကြည့်လိုက်တော့ အချိန်က ၁ နာရီCoffee ဆိုင်ရဲ့ ကောင်တာမှာ ထိုင်နေတဲ့ သူငယ်ချင်းမ ဖစ်သူ Ella က သူ နဲ့ Nuya ကားပေါ်ကဆင်းလာတာကို တွေ့တော့ ခပ်သုတ်သုတ်လေးပြေးထွက်လာတာကို Mook မြင်လိုက်တယ်.....
"ဟဲ့ Mook နင် အဲ့နှစ်ယောက်နဲ့ ဘာဇယားရှိလို့လဲ "
"နောက်မှ ငါပြောမယ် အခု သွားရှင်းရအောင်ဟာ
ငါ သွေးတွေ ဆူနေပြီ.. "စိတ်ပူဟန်နဲ့ မေးတဲ့ သူငယ်ချင်း အမေးကို မဖြေဘဲ သူဖစ်ချင်တာကို အရင်ပြောလိုက်တော့ Ok လေ ဆိုတဲ့ မျက်နှာဘေးနဲ့ သူနဲ့ Nuya ဘေးမှာ ၀င်ရပ်လေတယ်..
ဒီသူငယ်ချင်း နှစ်ယောက်နဲ့ သူဟာ ငယ်ငယ်ကတည်းက
စိတ်တူကိုယ်တူ ပေါင်းလာတာမို့ တစ်ယောက်စကားဆို
ကျန်နှစ်ယောက်က နားထောင်ပြီးသားဘဲ.....ဆိုင်ထဲကို သူငယ်ချင်း ၃ ယောက် တက်ညီလက်ညီနဲ့
ခပ်မိုက်မိုက် တစ်လှမ်းခြင်း ၀င်ရောက်လိုက်တော့...တွေ့ပါပြီ Kana လေးကို ထိခိုက်အောင် လုပ်တဲ့
ဟို စုန်းမနှစ်ယောက် Fai နဲ့ Fun ကို...သူတို့ကို
တကယ်အံ့သြမိတယ်..ကိုယ်လို သွေးမတော် သားမစပ်တဲ့လူတောင် သဲသဲလှုပ် ချစ်ခင်မိရလောက်အောင် Kana လေးက မျက်နှာမြင် ချစ်ခင်ပါစေ အသံကြား သနားပါစေ ဆိုတဲ့ ဆုတောင်းကို ပြည့်လာတဲ့ သူမျိုး....ဒါကိုပင် သူတို့ ညီမက Kana လေးကို မချစ်နိုင် မေတ္တာ မထားနိုင်ပါဘဲ လိုက်နှိပ်စက်နေတယ်...အစကတည်းက
၀င်ပြောချင်ပေမယ့် ကိုယ်နဲ့က ဘာဆိုဘာမှ မဆိုင်တော့
အောင့်အီးသည်းခဲ့ရတာ...အခုတော့ Kana လေးကို ကိုကိုက မွေးစားပေးမယ်ဆိုတော့ ဆိုင်သွားပြီ...တွေ့ကြပြီပေါ့ အရင်က အောင့်အီးခဲ့ရသမျှကိုပါ Mook တို့က
အတိုးရော အရင်းပါ ပေါင်းယူတော့မှာ...အတွေးတို့နဲ့ သူတို့ စားပွဲဝိုင်းနားလေး ရောက်သွားရင်ဘဲ
စားပွဲပေါ် ချထားတဲ့ အေးနေပြီဖစ်တဲ့ ကော်ဖီခွက်ကို
ကောက်ယူရင်း Fai ဆိုတဲ့ မိန်းမရဲ့ မျက်နှာ တည့်တည့်
ကောက်ပက်လိုက်တယ်....သူငယ်ချင်း ဖစ်သူ Nuya ကလည်း Mook နည်းတူ Fun ထံသို့...
YOU ARE READING
💗Poetries Of Love💗
FanfictionMew Suppasit မင်းကို မတွေ့ရရင် ကိုယ်မပျော်ဘူး မင်း ငိုနေရင် ကိုယ် နာကျင်ရတယ် မင်းကို တွေ့နေရရင် ကိုယ်ရင်ခုန်တယ် မင်းပျော်နေရင် ကိုယ် ကျေနပ်နေမိတယ် အဲ့ဒါတွေက အချစ်ရဲ့ လက္ခာတွေဆိုရင်တော့ သေချာတယ် ကိုယ်မင်းကို ချစ်မိနေပြီ ချာတိတ်........ Gulf Kanawut အ...