💗Poetries Of Love💗{Part 7 }
Mew အစည်းအဝေး ပြီးလို့ ရုံးခန်းထဲ ပြန်ရောက်တော့
ချာတိတ်က သူ့ရဲ့ အလုပ်စားပွဲမှာ စာအုပ်ဖတ်ရင်း အိပ်ပျော်နေတာကို တွေ့လိုက်ရတယ်....Gulf အိပ်နေတဲ့ပုံလေးက ချစ်စရာ ကောင်းနေတာမို့ Mew အတော်ကြာရပ်ကြည့်နေမိတယ် .....
သူ့နောက်မှာ Kao ၀င်လာတာကိုပင် Mew သတိမထားလိုက်မိ..
Kao က မျက်တောက်မခတ်တမ်း စိုက်ကြည့်နေတဲ့ Mew ကို စချင်တာကြောင့် နား နားလေးကို ကပ်ပြီး
လေသံတိုးတိုးလိုက်နဲ့" ကြည့်လို့ကောင်းလား..."
"ဟာ...Shit!!...လန့်တာကွာ Kao "
" ငါ လာတာတောင် မသိဘူး တော်တော်ငေးနေတာဘဲနော်..."
Mew သူခိုးလူမိသွားတာကြောင့် ရှက်ရှက်နဲ့ ဆိုဖာမှာထိုင်ရင်း
"ငါက ဘာငေးနေလို့လဲ "
"အေးပါ သိပ်မငေးရှာပါဘူး မျက်လုံးတောင်ကျွတ်ထွက် တော့မယ်....ဟား ဟား ဟား"
Kao လည်း Mew နဲ့ မျက်နှာချင်းဆိုင်က ဆိုဖာမှာ
၀င်ထိုင်းရင်း ထပ်စလိုက်တယ်..."ဟေ့ကောင် တိုးတိုး ရီပါဟ ချာတိတ် နိုးသွားမယ် "
"ချာတိတ်တဲ့လား Mew....ဘာလဲ မင်း မင်းညီမ ဆန္ဒအတိုင်း လိုင်းပြောင်းတော့မလို့လား "
"ဘောကို လိုင်းပြောင်းပါ့လား ငါက Stright စစ်စစ်ကွ"
" အေးပါ ပြောထားပါအူး...ဒါနဲ့ ဒီကောင်လေးက ဘယ်သူလဲ"
Mew လည်း သူ့မွေးနေ့တုန်းက ဖစ်ပျက်သမျှတွေကို အကုန် Kao ကို ပြောပြလိုက်တယ်....
Kao က ငယ်သူငယ်ချင်းလည်းဖစ် လူယုံလိုလည်း ဖစ်နေတော့ Mook ပြောပြတဲ့ Gulf ရဲ့ ဘ၀အကြောင်းပါ ထည့်ပြောလိုက်တယ်...
Mew ပြောပြီးသွားတော့...Kao က ပြုံးစိစိနဲ့
"အော်ဟော်....အဲ့တော့ မင်းက Kanaလေး ကို
မွေးပြီးစားတော့မယ်ပေါ့ "" Ai Kao .... မင်းရဲ့ ညစ်ပတ်တဲ့ အတွေးတွေနဲ့ ငါ့ကို လာမယှဥ်နဲ့...ငါ့မှာ Yuki ရှိတယ် ပြီးတော့ ငါ
ယောကျ်ားတွေကို စိတ်မ၀င်စားဘူး"
YOU ARE READING
💗Poetries Of Love💗
FanfictionMew Suppasit မင်းကို မတွေ့ရရင် ကိုယ်မပျော်ဘူး မင်း ငိုနေရင် ကိုယ် နာကျင်ရတယ် မင်းကို တွေ့နေရရင် ကိုယ်ရင်ခုန်တယ် မင်းပျော်နေရင် ကိုယ် ကျေနပ်နေမိတယ် အဲ့ဒါတွေက အချစ်ရဲ့ လက္ခာတွေဆိုရင်တော့ သေချာတယ် ကိုယ်မင်းကို ချစ်မိနေပြီ ချာတိတ်........ Gulf Kanawut အ...