💗Poetries Of Love💗{Part 18 }
လူနေထူထပ်နေတဲ့ ဘန်ကောက်မြို့လို နေရာမျိုးမှာ ကားလမ်းကျပ်နေတာ ဆိုတာမျိူးကတော့ အဆန်းမဟုတ်ပါဘူး ကလေးငယ်ကို ကျောင်းပို့ပြီး ကျောင်းအုပ်နဲ့ တွေ့ပြီး အပြန် Company ကို အသွားမှာ ကားလမ်းပိတ်တော့ သေချာပေါက် နောက်ကျပြီပေါ့ တခြား၀န်ထမ်းတွေက ခေါင်းတွေ မော့မကြည့်ရဲ ကျပေမယ့်
ဟိုကောင် Kao ကတော့ ဆဲမှာ အမှန်ဘဲ.....ဟော ပြောရင်း ဖုန်းလာပြီ လဒကောင် ဆီက ဒီကောင်တော့ အသက်ရှည်တော့မယ်.....
" Hello Kao ပြော...."
" Company ကိုအရင်လာခဲ့ ရောက်ရင်ပြောမယ် မင်းရုံးခန်းကို အရင်မသွားနဲ့ ငါ့ ရုံးခန်းကို အရင်၀င်ခဲ့..."
" ဘာလို့လဲကွ"
"ငါလိုး သူဌေး လျှာကိုရှည်တယ် ပြန်မမေးနဲ့ ငါပြောတဲ့အတိုင်းသာလုပ်..."
"ဘောဘဲ!!! "
ဆဲပြီးတော့ Mew ဖုန်းချလိုက်တယ် တော်သေးတာပေါ့
ကိုယ်က CEO မို့လို့ဘဲ အဲ့ကောင် Kao သာ CEO ဆိုရင်
ကျွန်တော့ကို အသေများသတ်နေမလား မသိဘူး....ပြောသာပြောတာ ငယ်ငယ်တည်းက ပေါင်းသင်းလာတဲ့
သူငယ်ချင်းမို့ Kao က သူ့ ဒဏ်ကို တော်တော်လေး သည်းခံရရှာတယ် Mew မှာ သူငယ်ချင်းကလည်း များများစားစား မရှိတော့ တစ်ခုခုဆို Kao ကိုဘဲ အပူကပ်ရတာ.....ကလေးပေါက်စလေး ကိစ္စလည်း အတူတူဘဲ Kao ကို
ကလေးပေါက်စအပေါ် ဘယ်လို ခံစားနေရတယ် ဘာညာကစ အကုန်ပြောပြထားတော့ တကောင့်သားက အားတိုင်းစနေတယ် ဘာတဲ့ မွေးပြီးစားတယ်တဲ့ ကလေးမုန့်ပေးကြိုက်တယ်တဲ့...ဟက်...သူပြောတာလဲ မှန်နေတာဘဲလေ......Company ကိုရောက်တော့ Kao ပြောတဲ့အတိုင်း သူ့ရုံးခန်းထဲကို အရင်၀င်သွားလိုက်တော့တယ်.....
"ကဲ ကိုယ်တော်ချော ကျွန်တော်မျိုး ရောက်ပြီ ဘာများ
မိန့်ကြားမလို့ပါလဲ ခင်ဗျာ....""ငါလိုး သူဌေး ပြောင်ချော်ချော်လုပ်မနေနဲ့ လာထိုင်
အရေးကြီးတယ်😕 ""အေးအေး ပြော.... "
Kao ပစ်ပေါက်လိုက်တဲ့ စက္ကူလုံးကို ရှောင်ပြီး မျက်နှာပိုး သတ်ကာ Mew ၀င်ထိုင်လိုက်တယ် ဒီကောင်ပုံက
အတည်ကြီး အရေကြီးနေတဲ့ ပုံမို့လို့....
YOU ARE READING
💗Poetries Of Love💗
FanfictionMew Suppasit မင်းကို မတွေ့ရရင် ကိုယ်မပျော်ဘူး မင်း ငိုနေရင် ကိုယ် နာကျင်ရတယ် မင်းကို တွေ့နေရရင် ကိုယ်ရင်ခုန်တယ် မင်းပျော်နေရင် ကိုယ် ကျေနပ်နေမိတယ် အဲ့ဒါတွေက အချစ်ရဲ့ လက္ခာတွေဆိုရင်တော့ သေချာတယ် ကိုယ်မင်းကို ချစ်မိနေပြီ ချာတိတ်........ Gulf Kanawut အ...