💗Poetries Of Love💗

275 31 1
                                    

💗Poetries Of Love💗{Part 4 }

"Kha... "

Mew ကို ပြောပြီး နှစ်ယောက်လုံး ကုပ်ကုပ်ကုပ်နဲ့ ထပြီး
Mook က Gulf နေမယ့် အခန်းထဲ လိုက်၀င်ဖို့ ပြင်နေတာကြောင့်...

" Hey...Mook ကိုယ့်အခန်းကို သွားလေ ဟို ချာတိတ်အခန်းထဲ ဘာလိုက်လုပ်အူးမလို့လဲ"

"ဟာ ကိုကိုကလည်း Mook မနက်ဖန်ကျရင် Nuyaတို့နဲ့ အစောကြီး စာကျက်ဝိုင်း သွားရမှာ အဲ့ကြောင့် မအိပ်ခင် Kana လေးနဲ့ စကားပြောချင်လို့.....

ပြီးတော့ ကိုကို Kana လေးကို ချာတိတ် ချာတိတ် နဲ့ မခေါ်ပါနဲ့ Mook မကြိုက်ဘူး နားထောင်မကောင်းဘူး Kana လို့ဘဲ ခေါ်ပါ..."

Mew ကတော့ သူ့ညီမကို မနိုင်ဘူးဆိုတဲ့ သဘောနဲ့ လက်သာ မြှောက်ပြလိုက်တယ်....

Gulf ကတော့ Mew ကို ကြည့်ကာ တခစ်ခစ်နဲ့ ကြိတ်ရီနေမိတယ် Gulf ထင်တာက Mewလို လူက အရမ်းခက်ထန်ပြီး မာန ကြီးမယ်ပေါ့ အခုတော့ သူထင်ထားသလို မဟုတ်ဘဲ ထိုလူကြီးက ညီမကို မနိုင်တဲ့ အကို တစ်ယောက်သာ ဖစ်နေတော့တယ် ....

သူ့ကို ကြည့်ပြီး တခစ်ခစ်နဲ့ အူတက်နေတဲ့ ဟိုကလေးကြောင့် Mew ရဲ့ စိတ်ထဲမှာ အမျိုးအမည် မသိတဲ့ ခံစားချက်လေး သိမ့်ခနဲ ဖစ်ပေါ်လာတယ်....

Mew သူ့အခန်းကို ရောက်တော့ နဖူးပေါ် လက်တင်ပြီး
ချာတိတ်အကြောင်းကို သေချာ ပြန်တွေးနေမိတယ် ....

ယောကျာ်းလေး တစ်ယောက်က ဒီလောက်ထိ
ချစ်စရာကောင်းနေတာမျိုး တစ်ခါမှ မကြုံဖူးခဲ့..

Mook အရင်တုန်းက ခေါ်လာပြီး မိတ်ဆက်ပေးတဲ့ ချစ်စရာကောင်းလှပါတယ်ဆိုတဲ့ ကောင်လေးတွေက ချာတိတ်နဲ့ယှဥ်ရင်...လုံး၀ ဆီနဲ့ ရေလိုဘဲ....

ဒီတခါတော့ ညီမဖြစ်သူ Mook က ကျွန်တော်နဲ့ အောင်သွယ်ပေးချင်တာ မဟုတ်ဘဲ...မွေးစားချင်တာဆိုဘဲ....သူဘာတွေ မွှေအူးမလဲ ကျွန်တော်လည်း မသိတော့ဘူ....

Mew အတွေးတို့ကို လက်စသတ်ကာ အိပ်စက်ရန် ပြင်လိုက်တယ်.....

🦋🦋🦋🦋🦋🦋🦋

မနက်ခင်း အလင်းရောင်နဲ့အတူ Gulf နိုးထလာခဲ့တယ် မရင်းနှီသေးတဲ့ နေရာကြောင့် ယောင်ယမ်း ကုန်းထလိုက်မိတယ် ပြီးမှ မနေ့ညက အကြောင်းတွေကို စဥ်းစားမိပြီး ပြုံးနေမိတယ်.....

💗Poetries Of Love💗Where stories live. Discover now