💗Poetries Of Love💗

341 30 4
                                    

💗Poetries OF Love💗 {Part 2 }

"ကျွန်တော် ပြောပြပေးမယ် "

Dun လည်း ဟိုကောင်လေး ကြည့်ရတာ တစ်ယောက်ယောက်ကို ကြောက်နေတဲ့ ပုံနဲ့ မပြောနိင်
ဖစ်နေတာကြောင့် စောနက သူမြင်ခဲ့ရသမျှကို အမှန်တိုင်း ​ဟို ကောင်လေးအစား ပြောပြပေးဖို့ ဆုံးဖြတ်ကာ
လက်ထောင်ပြီး ပြောပြလိုက်တယ်....

" ခုနကတည်းက ဒီကောင်လေး ၀င်လာကတည်းက
ဒီကောင်လေးပုံက ပွဲထဲက လူတွေ အားလုံးနဲ့ ကွဲထွက်နေတာကြောင့် ကျွန်တော် သတိထားပြီး လိုက်ကြည့်နေမိတယ်.....

သူ ကျွန်တော့နားက ဟိုမိန်းကလေး နှစ်ယောက်နားရောက်တော့ ဟိုမိန်းကလေး နှစ်ယောက်က သူ့ကို
Phi Mew သူတို့ဆီ အာရုံစိုက်လာအောင် တစ်ခုခု လုပ်ပေးခိုင်းနေတာ ကြားတယ်.......

ဒါပေမယ့် ကောင်လေးက ငြင်းတဲ့ပုံစံနဲ့ ခေါင်းခါလိုက်တာကြောင့် သူတို့နှစ်ယောက် ကောင်လေးကို ရေထဲ တွန်းချလိုက်တာဘဲ ကျွန်တော် ကြားသမျှ မြင်သမျှတော့ အဲ့တာ အကုန်ဘဲ ခင်ဗျားတို့ မယုံရင် CCTV စစ်ကြည့်လိုက်....."

Dun ရဲ့ စကားအဆုံး Fai နဲ့ Fun တို့ ညီမနှစ်ယောက်
သိသိသာသာ မျက်နှာတွေ ပျက်နေကြတယ် Mook ကတော့ Gulf ကို ဆွဲထူလိုက်ပြီး....

"Kana ဒီ အကို ပြောတာတွေ အမှန်ဘဲလား "

"ဟို... ဟို "

"မောင်လေး Gulf ...မောင်လေးသိပါတယ် မမတို့ တမင်လုပ်တာ မဟုတ်ဘူးဆိုတာ "

Mook ..Gulf ကို မေးနေတုန်း Gulf မ​ဖြေနိုင် ဖစ်နေတာကို အခွင့်ကောင်းယူပြီး Fai နဲ့ Fun က ၀င်ပြောလိုက်တယ်.....

" ငါနင်တို့ကို မေးနေတာ မဟုတ်ဘူး ငါ Kana ကို မေးနေတာ"

မမေးဘဲ ၀င်ပြောနေတဲ့ ဟို နှစ်ယောက်ကို Mook မျက်နှာတည်တည်နဲ့ ခပ်မာမာ ပြောလိုက်တော့ နောက်ဆုတ်သွားကြတယ်....

Mew လည်း ကြည့်နေရင်းကနေ ဒီကောင်လေးက တစ်ခုခုကို ကြောက်ပြီး မဖြေနိုင်ဖစ်နေတာမှန်း ရိပ်မိတာကြောင့်....

" San ငါ့ဆီကို CCTV မှတ်တမ်းကြည့်ဖို့ Laptop ယူခဲ့ပေး"

" ဟုတ်ကဲ့ Boss"

San ယူလာတဲ့ Laptop ထဲက CCTV မှတ်တမ်းကို
ကြည့်ပြီးနောက် Mew ဟိုညီမနှစ်ယောက် ဆီသို့ ဂျိုးသွေးပြီး ကြည့်လိုက်တယ်

💗Poetries Of Love💗Where stories live. Discover now