💗Portries Of Love💗

319 25 3
                                    

🔥Poetries Of Love💗 {Part 15 }

" ပျော်ရဲ့လား ကလေးလေး "

"Omm အရမ်းဘဲ........ "

မနက်ခင်း ကစားကွင်းထဲကို ရောက်ကတည်းက မမောနိုင် မပန်းနိုင်နဲ့ တစ်ခုပြီး တစ်ခု လိုက်ဆော့နေတဲ့ ချာတိတ်လေး.....
ကိုယ်လည်း အသက် ၃၀ ပြည့်ခါနီးမှ ကလေးနဲ့ ပေါင်းပြီး အကုန်လိုက်ဆော့ပေးနေရတယ်.....

သူလုပ်ချင်တာများ လုပ်နေရရင် ချာတိတ်ရဲ့ မျက်နှာလေးက ပြုံးဖြီးနေရောဘဲ......

ပင်လယ်ဓားမြ စီးတော့လည်း ဇွတ်လာခေါ်တယ် ဒီလူက အမြင့်ကြောက်တတ်လို့ ဇွတ်ငြင်းတော့ နှုတ်ခမ်းဆူပြီးကောက်သေးတာ...

သူစိတ်ကျေနပ်အောင် အရုပ်လေးတွေ လိုက်ကောက်ပေးတော့မှ အရုပ်သေးသေးလေးတွေ ကြည့်ပြီး ပျော်နေတဲ့ ချာတိတ်လေး......

တကယ်ပါ ဒီကလေးလေး ပျော်နေရင် ကျွန်တော်က ကျေနပ်နေမိတာ ဒီကလေးလေး ပျော်ဖို့အတွက်ဆို ဘာမဆို ဖြည့်စည်းပေးဖို့ အဆင်သင့်ဘဲ.....

"ဦး!!!!! "

"ဗျာ......ဗျာ "

" ကျွန်တော် ခေါ်နေတာ ကြာပြီ ကျွန်တော့ကို ကြည့်ပြီးဦး ဘာတွေ စဥ်းစားနေတာလဲလို့......"

"ဦး ကလေးလေးက အရုပ်လေးတွေကို အဲ့လောက်တောင် ကြိုက်တာလားလို့ စဥ်းစားနေတာပါကွာ "

" အရုပ်လေးတွေ အားလုံးကို မကြိုက်ပါဘူးနော်
ဦး ကောက်ပေးတဲ့ ဒီရုပ်လေးတွေကိုဘဲ ကြိုက်တာပါနော်..."

" အတတ်ကလေး ချွဲတတ်တယ်.....
အဲ့လို မချွဲရင်တောင် ဦးက အလိုလိုက်ပေးမှာ"

ကျွန်တော့ ခေါင်းလေးကို ပုတ်ပြီး ကျွန်တော့ မျက်နှာနားကို ကပ်ကာ ကြင်ကြင်နာနာနဲ့ ပြောတဲ့ ဦးကြောင့်
ကျွန်တော့ ရင်ဘတ်ထဲက အကောင်က အငြိမ်မနေတော့ဘဲ ခုန်ပေါက်နေပြီလေ.....

ဦး နဲ့ ထိတွေ့တိုင်း အငြိမ်မနေတဲ့ ကျွန်တော့ နှလုံးသားလေးရယ် ပြုစားတတ်တဲ့ ဦးရယ်နဲ့တော့ ခက်ရချည်ရဲ့..

" ဦးကလေးလေး ဗိုက်ဆာနေပြီလား..."

"ဟင့်အင် ဗိုက်မဆာဘူး ရေခဲမုန့်စားချင်တာ.... "

💗Poetries Of Love💗Where stories live. Discover now