💗Poetries Of Love💗

371 29 4
                                    

💗Poetries Of Love💗 { Part 20}

"ဦး....ဦးလို့....အဟင့်...ဦး Mew Suppasit "

ဦး Mew Suppasit လို့ ခေါ်နေတာ မကြားဘူးလား
အီဟီး...အဟင့် "

အဲ့တာ ဘယ်သူခေါ်နေတာလို့ ထင်လဲ နှစ်ခါပြန် တွေးနေစရာ မလိုဘူး ကျွန်တော် Mew Suppasit ရဲ့ အသည်းပေါက်လေး ခေါ်နေတာ....

Mook တို့ သူငယ်ချင်း တတွေက ကျောင်းကခရီးစဥ်ဆိုပြီး ခရီးထွက်သွားကြတယ်လေ အဲ့တော့ သူပျင်းရင်
စကားပြောပေးမယ့်သူတွေ မရှိတော့ ကျွန်တော့ကိုဘဲ တစ်ချိန်လုံး လိုက်ကပ်နေတယ် အလုပ်ကိုတောင် မသွားရတာ နှစ်ရက်ရှိပြီ....

အဲ့လို ပြောလို့ ငြိုငြင်တာလား ဆိုတော့ No No လုံး၀
မငြိုငြင်ပါဘူး ကျွန်တော်က ပိုတောင်ကြိုက်သေးတယ်
ဖစ်နိုင်ရင် သွားလေရာကို အိပ်ကပ်လေးထဲ ထည့်ပြီး သယ်သွားချင်တာ ကလေးပေါက်စကို အဲ့သလောက်ကို
ချစ်မိနေပါတယ်.....

ကျောင်းက ကလေး ရန်ဖစ်တဲ့ ကိစ္စပြီးတဲ့နောက် ကလေးက ကျွန်တော့ကို တော်တော်လေး အရေးပေးလာတယ် ကျောင်းပိတ်ရက်တွေဆို ကျွန်တော့နားမှာဘဲ နေပြီး Game ဆော့တယ် သူ မထင်ရင်မထင်သလို
လူကို လာလာနမ်းတတ်သေးတာ ကျွန်တော့ ဘက်က
စနမ်းရင်လည်း ငြင်းပယ်ခြင်းမရှိဘဲ လက်ခံတယ်

ကလေးကို ဖွင့်ပြောဖို့ Mook နဲ့ Kao အပါအ၀င် အားလုံးက ပြောကြပေမယ့်လည်း ကျွန်တော် မပြောနိုင်သေးဘူး ဘာလို့လဲ သိလား ကျွန်တော့ကလေးရဲ့ အနာဂတ်အတွက် ကလေးငယ်မှာ တက်လမ်းတွေ ရှိတယ် ကောင်းမွန်တဲ့ အနာဂတ်တွေရှိတယ် အဲ့တာတွေကို အချစ်ဆိုတဲ့ ခေါင်းစဥ်ကြီးတပ်ပြီး ကျွန်တော့အနားမှာ ဆွဲမထားချင်ဘူး....

အချစ်ဆိုတာ ချစ်နေဖို့ဘဲ လိုတာပါလို့ ပြောလာခဲ့ရင် ကျွန်တော် ငြင်းရလိမ့်မယ် အခုနေ ကျွန်တော် ကလေးကို ချစ်တယ်ပြောပြီး လက်ထပ်လိုက်မယ် ကျွန်တော့ အာဏာကြောင့် လူတွေ ကလေးငယ်ကို မကဲ့ရဲ့ကြပေ
မယ့် ကွယ်ရာမှာ ကျွန်တော့ကလေးကို နှာခေါင်း ရှုံ့ကြ
လိမ့်မယ်....

ကျွန်တော် ကလေးကို ကာကွယ်ပေးတယ်ထား ကျွန်တော်မရှိတော့ရင်ရော ကလေးကို ဘယ်သူကာကွယ်ပေးမလဲ ကလေးဘ၀မှာ ကိုယ့်ကိုယ်ကိုအားကိုးတတ်အောင် ကိုယ့်ကိုယ်ကို ကာကွယ်တတ်အောင်
ကျွန်တော်က လမ်းပြပေးမှာ......

💗Poetries Of Love💗Where stories live. Discover now