💗Poetries Of Love💗 { Part 5}
" ဟဲ့ Mook နင် အစောကြီး မှိုရလာတဲ့ မျက်နှာနဲ့
ငါ့အိမ် ဘာလာလုပ်တာလဲ"" Nuya ငါ့မှာ နင့်အတွက် သတင်းကောင်းပါတယ်"
"အေး ဘာလဲ နင့်အကိုကို လင်ပေးစားလိုက်နိုင်ပြီလား "
"အေး......ငါ Kana ကို အိမ်ခေါ်ထားလိုက်ပြီ😁 "
"ဘာ ဘာ နင်ဘာပြောလိုက်တယ်😳 "
Mook စကားကြောင့် အိပ်ချင်မူးတူးနဲ့ Nuya လှုပ်လှုပ်ရွရွ ဖစ်လာတော့တယ်...
" ငါပြောပြမယ် ဒီလို ...#$%&*#$&*"
Mook လည်း မနေ့ညက ဖစ်ခဲ့တာတွေ အကုန် သူငယ်ချင်း Nuya ကို ပြန်ပြောပြလိုက်တော့
Nuya လည်း တဟီးဟီးနဲ့ သွားကို မစိနိူင်အောင်
ဖစ်နေတော့တယ်...."အဲ့တော့ အခု Kana လေးက နင်တို့ အိမ်မှာဆိုပါတော့
နင်က နင့်အကိုနဲ့ Kana နီးစပ်အောင် မရှိတဲ့ စာကျက်ဝိုင်းကို အကြောင်းပြပြီး ထွက်လာတယ်ဆိုပါတော့ "Nuya ပြောသမျှကို Mook ခေါင်းလေး ငြိမ့်ပြီး
" အေးဆို အဲ့တာမှ ကိုကို နဲ့ Kana လေး နီးစပ်ပြီး
........😁"Mook လက်ညိုးလေး နှစ်ချောင်း ပူးပြီး ဟန်ပါပါ အမူအယာလေးနဲ့ လုပ်ပြလိုက်တော့ Nuya က
" ကမ ကြည့်ကြပ်လည်း လုပ်အူး ဟိုကလေးက အသက်ပြည့်သေးတာ မဟုတ်ဘူး တော်ကြာ နင့်အကို ဂျေးထဲ အောင်းနေရအူးမယ်..ဟား ဟား"
"မအောင်းစေရပါဘူး ကမရယ် ငါက Mae တစ်ယောက်အနေနဲ့ Kana လေးရဲ့ မျက်၀န်းတွေကို ဖတ်တတ်ပါတယ် Kana လေးလည်း ငါ့အကို့ကို စိတ်၀င်စားနေတယ်ထင်တယ် "
(Mook နဲ့ Nuya က ချယ်တို့လိုပါဘဲလား😢 )"အေးပါအေ ဖစ်သွားရင်တော့ ကောင်းတာပေါ့ ငါတော့
သဘောတူတယ် နင့်အကိုက Sugar daddy ပုံစံကြီးနဲ့Kana လေးက Cuttie ပုံစံလေးနဲ့ အမလေး စဥ်းစားကြည့်ရုံနဲ့တင် ငါရူးတော့မယ်""ဟဲ့ အပျော်မစောနဲ့အူး Nuya.....
ကိုကို့ဘေးမှာ Yuki ဆိုတဲ့ မိန်းမက ကပ်နေတယ်
အဲ့မိန်းမနဲ့ ကိုကိုက ဘာလိုလို ညာလိုလိုဘဲ..... "Mook ပြောလိုက်တော့ Nuya က မဲ့ရွဲ့ပြီး
" အမလေး Mook ရယ် ဗြုန်းခနဲ ၀မ်းသာ ဗျာခနဲ ၀မ်းနည်း ပါဘဲအေ ငါ့နှယ့်"
YOU ARE READING
💗Poetries Of Love💗
FanficMew Suppasit မင်းကို မတွေ့ရရင် ကိုယ်မပျော်ဘူး မင်း ငိုနေရင် ကိုယ် နာကျင်ရတယ် မင်းကို တွေ့နေရရင် ကိုယ်ရင်ခုန်တယ် မင်းပျော်နေရင် ကိုယ် ကျေနပ်နေမိတယ် အဲ့ဒါတွေက အချစ်ရဲ့ လက္ခာတွေဆိုရင်တော့ သေချာတယ် ကိုယ်မင်းကို ချစ်မိနေပြီ ချာတိတ်........ Gulf Kanawut အ...