💗Poetries Of Love💗

289 28 0
                                    

💗Poetries Of Love 💗{ Part 8}

"အင်း...ချာတိတ် နိုးနေပြီလား..."

" နိုးပြီ ဦး..."

Kao အပြင်က ပြန်လာပြီးနောက် Gulf အတွက် ဆန်ပြုတ်လေးပေးပြီး သူနဲ့ စကား​ခနပြောကာ ထသွားတယ်....

အဲ့နောက်တော့ သူတစ်ယောက်ထဲ Gulf ကို
စောင့်ရင်း Mew မှေးခနဲ အိပ်ပျော်ကာ ရှိသေးတယ်...

သူ ဆုပ်ကိုင်ထားတဲ့ Gulf ရဲ့ လက်လေးတွေက ရုန်းလိုက်တာကြောင့် Mew ပြန်နိုးလာခဲ့တယ်...

သူ့လက်လေးကို ဆုပ်ကိုင်ရင်း ကုတင်ပေါ် ခေါင်းလေးတင်ကာ အိပ်ပျော်နေတဲ့ ဦးရဲ့ ပုံစံဟာ ခန့်ငြားလွန်းနေတယ်...

ဦးနဲ့ ဒီလိုလေး အတူရှိနေရတဲ့ အချိန်တွေကို
ကျွန်တော် ရပ်တန့်ထားချင်မိတယ်....

ဦး ကို စောင်ခြုံပေးဖို့ လက်လေးကို အသာရုန်းလိုက်တော့ ဦးက နိုးလာတယ်...ပြီးတော့ ကျွန့်တော့ကို စိတ်ပူတဲ့ မျက်လုံးလေးတွေနဲ့ ကြည့်နေတယ်...

" ဘယ်လိုနေသေးလဲ...ချာတိတ်...ဗိုက်နာတာ သက်သာသွားပြီလား ...."

"သက်သာသွားပြီ...ကျွန်တော့်ကြောင့် ဦးတော့....အလုပ်ရှုပ်ရပြီ "

"ကိုယ် အလုပ်မရှုပ်ပါဘူးကွာ.....ဗိုက်ဆာနေလား ချာတိတ် "

"Omm....ဆာတယ် "

သူ့ ဗိုက်လုံးလုံးလေးကို ပွတ်ကာ ပြောနေတဲ့ အကောင်ပေါက်လေးက ကျွန်တော့ မျက်လုံးထဲမှာတော့ ချစ်စရာ
ကောင်းနေတော့တာပါဘဲ...

"ဟုတ်ပါပြီ....အဲ့ဆို ကိုယ် ဆန်ပြုတ်တိုက်မယ် "

" ဟွန်း ....ဆန်ပြုတ်ကြီးလား ဦး"

ဟော...အခုကျ ကျွန်တော့ကို မျက်နှာလေး
ရှုံ့မဲ့ပြနေပြန်ရော သူဆန်ပြုတ်မစားချင်ဘူးပေါ့လေ...

" ဆန်ပြုတ်ဘဲ စားရမယ် ချာတိတ်က အစာအိမ်ဖစ်နေတာ အစာမာတွေ စားလို့ မရသေးဘူး...."

" ဒါမဲ့ ကျွန်တော်မှ ဆန်ပြုတ်မကြိုက်တာ...."

"ချာတိတ်က လိမ်မာပါတယ် အခုတော့ စားလိုက်ပါကွာနော်...ချာတိတ် နေပြန်ကောင်းရင် ရေခဲမုန့် လိုက်၀ယ်ကျွေးမယ်... "

💗Poetries Of Love💗Where stories live. Discover now