chapter 1 part 02

405 54 8
                                    

 

    သက်ပြင်းရှည်ကြီးချကာ လက်သီးဆုပ်ထားမိသည်ကို ဖြေလိုက်စဉ် လက်ဖဝါးတို့မှာ ချွေးတို့ဖြင့်ရွှဲနစ်နေသည်ကိုလည်းသတိထားမိလိုက်သည်။အခန်းတံခါးကို ကျောဖြင့် ဖိမှီပိတ်ပစ်လိုက်သည့် အခိုက်တွင် စိတ်ကိုလည်း အတော်ပင်လျှော့ချမိလိုက်သည်။

    စံပယ် ငိုချပစ်လိုက်ချင်သည်။သို့သော် ထပ်ငိုရန် မျက်ရည်ကားမရှိတော့။သူမ ငိုကြွေးနေခဲ့ရသည်မှာ နေ့စဉ်နေ့တိုင်းလိုပင် ဖြစ်နေပြီ မဟုတ်လား။သူမဘ၀အကြောင်းပြန်တွေးမိတော့လည်း စံပယ့်ရင်ထဲ ၀မ်းနည်းအားငယ်စိတ်တွေဖြစ်လာရပြန်သည်။
ကြမ်းပေါ်တွက် ပြန့်ကျဲနေသော Benzodiazepine ဆေးပြား ကလေးများက သူမကို လှမ်း၍ ပြောင်ပြနေသယောင်ယောင်။

    ကလေးဘ၀တည်းက ဆုံးပါးသွားသော ‌အဖေ့ကို ရိုးတိုးရိပ်တိပ် ပင် ပုံဖမ်း၍ရတော့၏။ငယ်ငယ်ကတော့ ဖေဖေ ဘယ်သွားတာလဲ ဟု လူကြီးများကို မေးလျှင် ခရီးထွက်သွားသည်ဟုသာ အဖြေပြန်ရလေ၏။တစ်ခါတစ်ရံ ဖေဖေ့ကို လွမ်းသည်ဟုဆိုကာ ထမင်းမစားဘဲ ပေကတ်နေလျှင်‌တော့ အိမ်ကလူကြီးများက ချော့မော့ကျွေးရဆဲ။ဒီ့ထက်ဆိုးလာလျှင်တော့ မေမေက ရိုက်နှက်လေတော့သည်။

   ကလေးဘ၀တုန်းက ညကြီးမိုးချုပ် ဖေဖေ့နောက်လိုက်မည်ဟုဆိုကာ အရုပ်ကလေးပိုက်၍ အိမ်ရှေ့သို့ပြေးထွက်၊ ငိုမဲ့မဲ့ဖြင့် ခြံ၀တွင် ထွက်မျှော်နေတတ်လေ့ရှိသည်။ထိုအခါမျိုးဆိုလျှင်တော့ မြင်ရသူတိုင်း စိတ်မကောင်းဖြစ်ရစမြဲပင်။

    အခုတော့ စံပယ် ဒါတွေအားလုံးကိုလွှတ်ချ ချင်နေမိလေပြီ။သူမကို အိပ်မက်ဆိုးများပေးနေသည့် ဒီအဖြစ်အပျက်ကြီးတစ်ခုလုံးကိုကိုင်တွယ်ရန် သူမစီစဉ်ပြီးသား။ထိုသို့ အစီအစဉ်ချလိုက်မိသည်ကိုလည်း မတုန်လှုပ်တော့။တစ်နေ့နေ့တော့ ဒီလိုအချိန်မျိုးရောက်လာမည်ဟု ကြိုတွေးခဲ့ပြီးသားပင်မဟုတ်လား။

      သူမ အသက်ငါးနှစ်ခန့်တွင် မေမေက နောက်အိမ်ထောင်ထူထောင်လေ၏။သူမ မေမေ ယူလိုက်သောယောက်ျားတွင် သားတစ်ယောက်လည်း ပါလာလေ၏။လင်ပါသားကို မေမေက စံပယ့်ထက် ပိုချစ်ခဲ့သည်။ဖခင် ဆုံး၍ မေတ္တာငတ်နေသော ကလေးမလေးကို နွေးထွေးမည့်လူ ဒီအိမ်တွင် တစ်ယောက်မှ မရှိခဲ့။အစေခံများက အစေခံအလုပ်သာလုပ်ရသည်။အမိန့်မပေးပါဘဲလျက် စံပယ်နှင့် ဘယ်သူမှစကားလာမပြောရဲကြ။စံပယ့်အတွက် အားကိုးရာဟူ၍ ခြံစောင့် အဘိုးကြီး တစ်ဦးသာ ရှိလေ၏။

နွယ်Where stories live. Discover now