၇.၁၁.၂၀၁၇ နံနက် ၇:၄၅
စံပယ့်ခေါင်းထဲ၌ အတွေးတစ်မျှင်မှာအတော်ဆိုးဆိုး စူး၀င်နေသည်။သူမဒီအကြောင်းတို့ကို မတွေးချင်။
ဒါတွေသိပ်မစဉ်းစားချင်..မြခက်နွယ် ဆိုသော အမည်ကို တစ်ခါစနှစ်ခါစ သာကြားဖူးသော်ငြား ညို တို့မိသားစုနှင့် ပတ်သက်သည့် အတွေးများကို ဖျောက်မရနိုင်ဘဲရှိလေသည်။တန်တော့ ဒါ ညို့အစ်မပဲဖြစ်ရမည် ဟု စံပယ်ကမှန်းသည်။
ဒီတစ်လျှောက်လုံး...သူမတို့နှစ်ယောက် အတူနေခဲ့သည့် တစ်လျှောက်လုံး ညိုက စံပယ့်ကို မိသားစုအကြောင်းနှင့်ပတ်သက်ကာ တစ်ခွန်းမျှမဟခဲ့။စံပယ်ကလည်း အစမဖော်ချင်.. သူမကိုယ်တိုင်လည်း ဆိုးဆိုးရွားရွား အတိတ်ပုံရိပ်တို့ကို ပြန်လည် မတွေးတောချင်သောကြောင့်လည်းပါသည်။
စံပယ်က သက်ပြင်းရှည်ကြီးချကာ မျက်နှာသွားသစ်ရန်ပြင်လိုက်သည်။ဒါတွေသူမ မတွေးချင်တော့... တစ်ခါတစ်ရံ သူမတို့နှစ်ဦး တွေ့ခဲ့သည့်အကြောင်းကိုပင် နှစ်ယောက်စလုံးစကားအစမဖော်ကြ။သို့သော် ခေါင်းထဲတွင်တော့ အမှတ်တရများကို အပြည့် ရိုက်နှိပ်ထားပါသည်။ထိုအကြောင်းတို့ကိုပြန်တွေးလျှင် မကောင်းသော ခံစားချက်များ ၀င်လာ၍သာ…
----------
၇.၄.၂၀၁၅ဤလမ်းကလေးမှာ အမြဲလိုလို ပျားပန်းခတ် သွားလာနေကြသော လူရှုပ်သည့် လမ်းကလေးဖြစ်သည်။ညနေပိုင်းဆိုလျှင် ရန်ကုန်မြို့၏ တိုက်ခန်းနေလူတန်းစားတို့ ဈေး၀ယ်ထွက်ရာ ညဈေးတန်းကလေးအဖြစ် အသွင်ပြောင်းလဲသွားသော ဤလမ်းကလေး…....လမ်းဟိုဖက်ထိပ်တွင် စေတီကလေး တစ်ဆူလည်းရှိသေးသည်။
တိုက်ခန်းမြင့်မြင့်ကြီးများနှင့် ပြည့်လျှံနေသောဤနေရာတွင် လူတို့မှာ တစ်ဦးနှင့်တစ်ဦး မေးထူးခေါ်ပြောလောက်သာ ရင်းနှီးကြသည်က များ၏။တစ်ယောက်အကြောင်းတစ်ယောက် လုံးစေ့ပတ်စေ့သိသည်ကရှားေလ၏။တိုက်ခန်းယဉ်ကျေးမှုမှာ လူနေရပ်ကွက် လိုမဟုတ်။
ဤဈေးလမ်းကလေးကို ကန်ထရိုက်တိုက်မြင့်မြင့် တို့က တစ်ဖက်တစ်ချက် လွှမ်းမိုးထားလေ၏။ဤတိုက်မြင့်တို့ကြား မြင်ရသူတိုင်း ထူးဆန်းစေမည့် သစ်သားနှစ်ထပ်အိမ်တစ်လုံးမှာ အထီးတည်းတည်ရှိနေသေးသည်။ဈေးလမ်းကလေးနှင့် မျက်နှာချင်းဆိုင်တွင်တည်ရှိနေသောကြောင့် ဤအိမ်ကြီးကို လူတိုင်းသိနေကြ၏။
YOU ARE READING
နွယ်
Mystery / ThrillerThe untold urban legend coming up with those real horrors and sanity that frightens us between midnights. This is an age-rated thriller fiction and not for those who has heart attacks and insomnias.