chapter 4 part 02

146 15 1
                                    

   မြန်မာသက္ကရာဇ် ၁၂၉၉ (ခရစ်နှစ် ၁၉၃၅)  

      မောင်မျိုးနွယ်အား သူ့အဖေအသိုင်းအဝိုင်းမှဆွဲထုတ်ကာ သူတို့နှင့် အဆက်အသွယ်ဖြတ်စေခဲ့သည်။အဖွားကြီးမှာ အသက်ကြီးလာသည်နှင့်အမျှ ရူးကြောင်ကြောင်ဖြစ်လာသည်ဟု အရပ်ထဲက ပြောဆိုကြလေပြီ။

     အကြောင်းမှာ သူ့မြေးကလေးအား သူ့သမီးကလေးဟု ထင်မှတ်ကာ ယောက်ျားကလေးတစ်ဦးလိုမနေခိုင်း၊ မိန်းကလေးတစ်ဦးနှယ် ၀တ်စားဆင်ယင်စေသည်။မျိုးမျိုး ဟုသာခေါ်ဆိုလေသည်။ယောက်ျားကလေးတန်မဲ့ အမျိုးသမီးတစ်ဦးနှယ် နေထိုင်ကြီးပြင်းစေတော့သည်.…ဒေါ်ခင်နွယ့်စကားသာလျှင် အာဏာတည်ရမည်။

     ထို့အပြင် ငယ်စဉ်ကတည်းက ဖြူဖြူသွယ်သွယ်ကလေးနှင့် မိန်းမချောချောကာ အမေနှင့်တူသည်မို့ အကြောင်းမသိလျှင် မိန်းမငယ်ကလေးတစ်ဦးသကဲ့သို့ပင်ရှိလေ၏။အဖွားကြီးက ငယ်စဉ်ကတည်းက ဆံပင်အရှည်သာထားခိုင်းသဖြင့် အသက်ဆယ့်နှစ်နှစ်သားအရွယ်တွင် တစ်ပတ်ရစ်ဆံထုံးပင်ထုံး၍ရချေပြီ။ဤသို့နှင့် နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့လေသည်.…တောင်ကုန်းပေါ်ရှိစံအိမ်ကြီးမှာ ခိုင်ခံ့တည်မြဲဆဲပင်။

     အချိန်ကြာလာသည်နှင့်အမျှ မြို့အုပ်မင်းဦးသာလှ၏ သားကလေးဟု မည်သူမျှ မသိကြတော့ဘဲ မေ့မေ့ပျောက်ပျောက်ရှိလာ၏။ဆယ်စုနှစ်တစ်ခု အလွန်၌ တောင်ကုန်းပေါ်ရှိ စံအိမ်တော်ကြီးတွင် နေထိုင်သော စက်ရှင် သူဌေးမကြီး ဒေါ်ခင်နွယ်နှင့် သူ၏မြေးမကလေး၊ အိမ်တော်ကြီး၏ သခင်မကလေး မျိုးမျိုးနွယ် ဟူ၍သာ လက်ခံယုံကြည်လာကြ‌ေလသည်။

     မြို့အုပ်မင်းလင်မယား အသက်ဆုံးရှုံးခဲ့ရ(အသတ်ခံရ) သော ကိစ္စမှာမူ ပါးစပ်ပြော ယုံတမ်းသဖွယ်ဖြစ်လာသည်။မောင်မျိုးနွယ်ကလေးကိုလည်း အဖွားကြီးက သူတို့လင်မယား အသတ်ခံရပုံကို မပြောပြဘဲ ထိမ်ချန်ထားလေ၏။ငယ်စဉ်ကတည်းက သူမလက်ပေါ်၌သာ ကြီးပြင်းခဲ့ရသော မောင်မျိုးနွယ်မှာလည်း သူမစကားအတိုင်း မိန်းကလေးတစ်‌ယောက်လိုနေရ၏…..၀တ်ဆင်ရ၏။အသင်းတော်ကြီးမှာ ခိုင်မာတောင့်တင်းစွာဖွဲ့စည်းပြီးဖြစ်လေသည်။အဖွားကြီးမှာတော့ ရူးသထက်ရူးလာလေတော့သည်။

နွယ်Where stories live. Discover now