chapter 5 part 02

134 14 3
                                    

  ၁၉.၁.၂၀၀၇  

     "လာပါသားရဲ့"... ကောင်လေးကို သူ့မေမေက လက်အတင်းဆွဲရသည်။ကလေးလေးမှာ ဤဘုန်းကြီးကျောင်း၀င်းထဲ ၀င်လာကတည်းက တွန့်ဆုတ်ဆုတ်။

     ဘုန်းကြီးကျောင်းအ၀င်လမ်းကလေးမှာ အေးချမ်းတိတ်ဆိတ်လှသည်။ဘေးဘယ်ညာရှိ သစ်ပင်ရိပ်ဝါးပင်ရိပ်တို့ကြောင့် စိမ့်ကာအေးနေ၏။

     နေပူဒဏ်မှကာကွယ်ရန် ဤလမ်းတစ်လျှောက်ကို သွပ်အမိုးပြားများ လာလှူထားကြသည်မှာ သိပ်မကြာသေး။လမ်းတစ်လျှောက်ရှိ ကျွန်းတိုင်လုံးကြီးများမှာ ဤကျောင်းတိုက်၏ အထင်ကရ အမှတ်အသားတစ်ခုတည်း။

    ဆယ်နှစ်အရွယ် ကောင်လေး၏ မျက်နှာမှာ တဖြည်းဖြည်းမဲ့လာကာ မျက်ရည်လုံးကြီးများဝဲကာလာ၏။ငိုတော့မယောင်ယောင် မျက်နှာကြီးမည်းနေသော ကလေးကို သူ့အမေက ချော့တစ်လှည့်ခြောက်တစ်လှည့် ကျောင်းရှေ့ရောက်အောင်ခေါ်လာရသည်။

     ကျောင်းပေါ်သို့တော့ မည်သို့မျှခေါ်၍မရမှန်းသိ၍ အုတ်ခုံကလေး၌ပင်ထိုင်စေကာ သူမတစ်ဦးတည်းကျောင်းထိုင် ဘုန်းကြီးအား ဦးတိုက်ရန် တက်လာခဲ့သည်။ကောင်ကလေးမှာအုတ်ခုံပေါ်၌ ငြိမ်ငြိမ်ကလေးထိုင်နေကာ သူ့မေမေ ပြန်ဆင်းအလာကိုစောင့်နေရှာ၏။

      ဘာကိုကြောက်မှန်းမသိ ကြောက်မိသော စိတ်တို့မှာလည်း ရင်တွင်း၌ တဖွားဖွား။သူ့ရင်ထဲရှိ မသိစိတ်က ဤနေရာကြီးကိုမနှစ်မြို့...အသားများပင် တဆတ်ဆတ်တုန်လာသည်။ထိုအခိုက်တွင် သူ့နောက်ကျောဖက်၌ တစ်စုံတစ်ယောက်က လာ၍ရပ်လေ၏။

    သူက ဆတ်ခနဲလှည့်ကြည့်လိုက်လျှင် ထိုလာရပ်သည့်လူမှာ သူနှင့် မတိမ်းမယိမ်း ကလေးတစ်ဦးပင်ဖြစ်သည်။သို့သော် မတ်တပ်လာရပ်‌ေနသည့် ကောင်ကလေးမှာ တစ်ကိုယ်လုံး ညစ်ထေးနံစော်၍နေလေ၏။

      ဘုန်းကြီးကျောင်းသားကလေးပဲဖြစ်ရမည်ဟု သူကတွက်သည်။ထိုကောင်လေးက သူ့ကို အထူးအဆန်းသဖွယ်လာကြည့်နေ၏။ထို့နောက်

    "မင်းကဘယ်သူလဲကွ"...ဟု မေးလေသည်။

     သူကမဖြေဘဲ ဟင်းခနဲ နှာမှုတ်ကာ တစ်ဖက်လှည့်နေလိုက်သည်။ထိုအခါ ဘုန်းကြီးကျောင်းသားကလေးက သူ့ဘေးလာထိုင်ကာ....

နွယ်Where stories live. Discover now