chapter 3 part 02

420 40 18
                                    

      ညို ကမျက်စိရှေ့တွင် မြင်တွေ့နေရသော အရာကို အံ့ဩမဆုံးဘဲရှိလေ၏။

   သူမကိုယ်၌ ယခုအချိန် တွင်ကြောက်လန့်စိတ် စိုးစဉ်းမျှမရှိတော့ဘဲ အံ့ဩ တုန်လှုပ်စိတ်တို့ကသာ ကြီးစိုးနေတော့သည်။

   လူ့ခန္တာကိုယ်....အထူးသဖြင့် ကလေးလေးများ၏ ခန္တာကိုယ်အစိတ်အပိုင်းများပင်။တိတိပပဆိုရလျှင် ခြေပြတ်လက်ပြတ်ကလေးများကို အပုံကြီးတစ်ခုပုံထားကာ သွေးတို့မှာလည်း ကြမ်းတစ်ခုလုံး ရွှဲအိုင်နေလေ၏။မှောင်မိုက်နေသော အခန်းထဲ၌ လရောင်မဆိုစလောက်လေးသာ အလင်းပြုပေးနေ၏။သို့သော် ခပ်မှိန်မှိန်။အမှောင်ထု ခပ်လေးလေးက တစ်ခန်းလုံးတွင် ပြည့်လျှံနေပြီမဟုတ်လား။

    လူတစ်ရပ်စာမြင့်သော ခန္ဓာကိုယ်အစိတ်အပိုင်း အညှီအပုပ် အစုအဝေးကြီး။အနံ့မှာလည်း လွန်စွာမှ ဆိုးရွားလှ၏။

    ဤ ခြေလက် အပုပ်များ စုထားသည့် အပုံကြီးထဲမှ အသံထွက်‌ေနခြင်းဖြစ်သည်။ထူးဆန်းသည်က ဤ အပုပ်နံ့ကို ယခုအချိန်မှရမိခြင်းပင်။

    အခန်းကပ်လျက်နေသော ညို့ထံသို့ ဤ ညှီစို့စို့ အပုပ်နံ့က ထူးဆန်းစွာ တစ်ခါမျှ ရောက်မလာခဲ့။ညိုက အနားသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားလျှင် ငိုညည်းသံ သို့တည်းမဟုတ် အာခေါင်ခြစ်အော်သံမှာ တစ်စတစ်စ ကျယ်လာလေ၏။

     ညိုကတော့ တြိဂံ သဏ္ဍန် ဤအသားစအပုံကြီးကို ဖြိုပစ်လိုက်ချင်သည်။အော်သံ လားရာကို သိချင်စိတ်က ပြင်းထန်နေ၍ဖြစ်၏။သူမတွင် ကြောက်စိတ်ဟူ၍ နှမ်းတစ်စေ့စာလောက်ပင်မရှိတော့။ယခင်က ဘာမှန်းမသိတုန်းကသာ ကြောက်မိခဲ့လေရာ ယခု နှဖူးတွေ့ဒူးတွေ့ ကြုံရခါမှ ‌ကြောက်စိတ်တို့လွင့်ပြယ်ကုန်လေပြီ။

     မြင်နေရသည့် မြင်ကွင်းမှာ သွေးပျက်ဖွယ် အတိပြီးသော်ငြား သူမကတော့ ဤ အပုံကြီးကိုဖြိုရန် အကြံထုတ်လျက်ရှိလေ၏။ညို မတ်တပ်ရပ်မိနေစဉ်တွင် ဤခြေပြတ်လက်ပြတ်အပုံကြီးက လှုပ်ခတ်သွားလေသည်။

     ပြည်ပုပ်များရွှဲနေသော မျက်လုံးတို့က ဟိုဟိုဒီဒီ လျှောက်လိမ့်သွားလေ၏။

နွယ်Where stories live. Discover now