chapter 5 part 01

92 14 0
                                    

   ၁၆.၁၁.၂၀၁၇

      နှင်း တစ်ကိုယ်လုံးအေးစက်လာသဖြင့် လက်ထဲ၌ ကိုင်ထားသော ပုဝါစကလေးကို လည်တိုင်၌ ပတ်ကာခြုံလိုက်သည်။သူမညောင်ဦးလေဆိပ်မှ စထွက်တော့ အချိန်က လေးနာရီနှစ်ဆယ်လောက်ပင်ရှိရော့မည်။

     မျက်လုံးကိုမှိတ်လိုက်ရာ ခုံနှင့်ခေါင်းကိုထိသွားအောင် ဖိမှီပစ်လိုက်သည်။သူငယ်ချင်းကို ဟိုတယ်၌ ထားခဲ့ကာ လက်လွတ်စပယ် ထွက်ခဲ့ရသည်ကိုတော့စိတ်မကောင်း သို့သော် ဒီဖက်က ကိစ္စမှာ အရေးကြီးလွန်းနေသည်။

     ငယ်စဉ်ကတည်းက နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့သော ညီမကလေးကို ယခုအချိန်မှ ရုတ်ခြည်းဆိုသလို သတင်းကြားရပြီမဟုတ်လား။ထိုသတင်းပေးသူမှာ အခြားမဟုတ် ပန်းချီပြခန်းပိုင်ရှင် သူမသူငယ်ချင်း မြင့်မြင့်လှိုင် ‌ပင်ဖြစ်လေသည်။

     နှင်းကမျက်၀န်းအစုံကို မှိတ်ထားဆဲ.…သူမတို့ကွဲကွာနေခဲ့သော နှစ်များကို လက်ချောင်းများကိုထိကာ ရေကြည့်မိသည်...ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ် လောက်ပင်ရှိရော့မည်။ရင်မှာတဒိန်းဒိန်းခုန်လာသည်.…နားကြပ်တပ်ကာ သီချင်းဖွင့်ထားရကောင်းမလားဟုတွေးမိလိုက်သေးသည်။

     သို့သော် နှင်းက သိပ်စိတ်တင်းကြပ်လာလျှင် ခေါင်းများမခံမရပ်နိုင်အောင်မူးလာတတ်သဖြင့် မဖွင့်တာပဲကောင်းပါသည်ဟု ပြန်တွေးလိုက်သည်။ထို့နောက် ဖုန်းကိုထုတ်ကာ မြင့်မြင့်လှိုင်ပေးထားသော နံပါတ်ကို တစ်ခေါက်ထပ်ဆက်ကြည့်သည်...ထုံးစံအတိုင်းဖုန်းမှာပိတ်ထားမြဲ။

     ယမန်နေ့ကတော့ ထိုဖုန်းနံပါတ်မှ အ၀င်ကောလ်များ ဆက်တိုက်ရှိနေခဲ့သည် ဒီမနက်မှစ၍ ခေါ်မရတော့။အခြားသူများကို ခေါ်ခိုင်းကြည့်သော်လည်းမရ။သူမသူငယ်ချင်းပြောပုံအရတော့ ဤနံပါတ်မှာ ညီမကလေး ခိုင်၏ ဖုန်းနံပါတ်ဟူ၏။

      ဘာမျှလုပ်မရသည့်အခြေအနေမို့ ချက်ချင်းထွက်လာခဲ့တာမှန်သည်ဟု သူမက ထပ်တွေးသည်။စိတ်လှုပ်ရှားနေသဖြင့် မသိစိတ်က လက်ဆစ်များကို ‌တဖျောက်ဖျောက်ချိုးနေမိလေ၏။

     သူမခေါင်းထဲ၌ အတွေးတို့က ဗလောင်ဆူနေသည်.…ညို့အကြောင်းလည်းပါသည် မြခက်နွယ်အကြောင်းလည်းပါသည် အာရုံထဲ၌ ရေးရေးကလေးသာ ပုံဖော်နိုင်မိသော ခိုင့်အကြောင်းလည်းပါသည်။

နွယ်Where stories live. Discover now