the final chapter

228 23 4
                                    

(၁)
    နှင်းက မောင်ကျော်စွာနှင့် အချိန်းအချက်ပြုကာ အိမ်ကို တစ်ခေါက်ပြန်ခဲ့သည်။နံနက် ဆယ့်တစ်နာရီ မတိုင်မီ ပြန်ထွက်လာမည်ဟုလည်းဆိုသည်။

    မောင်ကျော်စွာမှာ ဂျူတီပြီးသည်နှင့် အိမ်ကို အမြန်ပြန်ကာ အ၀တ်အစားလဲရသည်။သူနှင်းနှင့် လိုက်သွားမည့်ခရီးအကြောင်းကို လုပ်ဖော်ကိုင်ဖက်များကိုပင်မပြောခဲ့။

  ခိုင့်ဇောကြောင့် ပျာယာခတ်ကာ ပူလောင်နေသည်။ရှပ်အဖြူနှင့် ဂျင်းဘောင်းဘီတစ်ထည်လဲကာ ပိုက်ဆံအနည်းကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်သည်။ထို့နောက် တိုက်အောက်ဆင်းကာ နှင်းကိုစောင့်နေရှာသည်။...၁၁:၀၄

    နှင်းက ကားကိုထိုးရပ်လိုက်သည်။သူက ကတ္တီပါရင်ဖုံးလက်ပြတ်တစ်ထည်ကို အချိူးကျစွာ၀တ်ဆင်ထား၍ ဆံပင်ကို သိမ်း၍စည်းထားလေ၏။မောင်ကျော်စွာက ဘာစကားမျှမဆိုဘဲ ကားပေါ် တက်လိုက်သည်။

    "ခိုင်က ဒေါက်တာနဲ့ ရည်ငံနေတာကြာပြီလား"...နှင်းကစကားစသည်။ကားမှာစထွက်နေပြီဖြစ်သည်။

    "မကြာသေးဘူး သုံးလတောင်မပြည့်သေးပါဘူး...ကျွန်တော့်ကို ကျော်စွာလို့ပဲ ခေါ်လည်းရတယ်"

    " ဪ ဟုတ်...ဒါနဲ့ ဘာမှမစားရသေးဘူးမလား အနောက်ခန်းထဲမှာ မုန့်တွေ၀ယ်ပြီးထည့်ခဲ့တာပဲ ဒေါက်တာ..အဲ ကျော်စွာ"

    မောင်ကျော်စွာက ယခုမှ ဗိုက်ဆာနေမှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိတော့သည်။နှင်းစကားကို မတုံ့ပြန်တော့ဘဲ အနောက်မှ မုန့်တစ်ထုပ်ကို လှမ်းဆွဲကာဖောက်လိုက်သည်။

     သူက နှင်းကို ယခုမှ သေသေချာချာ အကဲခတ်မိလေ၏။ကားမောင်းနေသော နှင်း၏ အသွင်အပြင်မှာ ထက်ထက်မြက်မြက်ရှိသော မိန်းမသားတစ်ဦးအသွင်အပြည့်နှင့်။

      မြန်မာဆန်ဆန်၀တ်စားထားကာ ကိုယ်လုံးကိုယ်ပေါက်လည်း လှသဖြင့် အတော်ကြည့်ကောင်းသည်။ခိုင်နှင့် မျက်နှာကျခြင်းတူသော်ငြား ခိုင့် မျက်နှာက ပိုသွယ်သည်။

      နှင်းက မျက်လုံး အနည်းငယ် ပိုဝိုင်း၏။

    နှင်းက သူ့ကို ငေးနေသော မောင်ကျော်စွာကို သတိထားမိသွားသဖြင့်
    "ဟင်...ဘာဖြစ်လို့လဲ"...ဟု မကြည့်ဘဲမေးသည်။

နွယ်Where stories live. Discover now