_4_ {Uni}

6.6K 531 4
                                    


⚠︎
▪︎▪︎▪︎▪︎

တ​တောက်​တောက်နှင့် ​ခေါင်မိုး​ပေါ်ကျလာသည့် အရာ​လေး​​တွေသည် အ​ရေအတွက်များလာ​တော့ မိုးစက်​လေး​တွေမှန်းသိလိုက်ရသည်။ မကြာခင်မှာပင် နန်းတွင်းထဲက ရေခမ်းလုနီးပါးဖြစ်​​နေသည့်ကန်ကြီးကိုပင် ပြည့်သွားသည်အထိ  မိုးကသည်း​နေသည်။ 

ခါး​တွေလည်း​တောင့်​နေ​လေပြီ။ မလာမချင်းထိုင်​စောင့်​နေရသည်မို့။ ထိုအချိန် အခန်းတံခါးဆွဲဖွင့်သံကြားလိုက်ရ၏။

"ကျန့်ကျန့်​လေး..."

​ရောက်​တောင်လာပြီလား။

ပုဝါ​အောက်ကမြင်ရသည့်ခြေ​​ထောက်​ကြောင့်အနား​ရောက်​နေပြီမှန်းသိလိုက်သည်။ ပုဝါကို လာလှန်​တော့ ​ခေါင်း​လေးငုံ့ကာမျက်လွှာချထားမိသည်။ သို့​သော် ​မေးက​နေကိုင်ကာအသာဆွဲ​မော့​စေတာမို့ မျက်လုံးချင်းဆုံသွား၏။

"လှလိုက်တာ..."

နဖူး​အားအမြတ်တနိုးနမ်းလိုက်သည့် ဝမ်မင်းကြီးသည် ရှောင်းကျန့်ကိုကြွေခွက်​လေးလို အက်သွားမည်ကိုဆိုးသည့်အလား တယုတယနှင့်ပါး​လေး​တွေကိုအုပ်ကိုင်ရင်း ကုတင်​ပေါ်ထိုင်လိုက်သည်။

"ကိုယ်​တော် အရမ်း​ပျော်​နေတယ်။ ချစ်လွန်းလို့ သိမ်းပိုက်ချင်​နေတာ​တွေလည်း မထိန်းနိုင်တော့ဘူး။ ကိုယ်​တော့်စိတ်ကြိုက် ခွင့်ပြု​ပေးမယ်မလား"

"အ..အရှင့် သ​ဘောပါ"

မိုးရွာ​နေသည်ကြောင့် သည်းသည်းကွဲကွဲမကြားရသည်ပဲလား ​ရှောင်းကျန့်အသံပဲတိုးသည်ပဲလား​တော့မသိ။ သို့​သော် ​အောက်နှုတ်ခမ်း​လေးကိုက်လိုက်သည့်အမူအရာအရ ကြည်ဖြူ​ကြောင်းသ​ဘော​ဆောင်မှန်း​တော့သိသာသည်။

မင်းကြီးဝမ်ရိ​ပေါ်ဝတ်ထားသည့်ဝတ်စုံကို တစ်ထပ်ချင်းဆွဲဖယ်လိုက်​တော့ ​ကြီးမားတောင့်တင်းနေသည့်ရင်အုပ်နှင့်ကြွက်သား​တွေသည် ရှိသင့်တာထက်​တောင်ပိုပါ၏။ ထို့​နောက် ​ရှောင်းကျန့်၏အဝတ်​တွေကိုပါချွတ်လိုက်​တော့ မြင်လိုက်ရသည်က လွန်ခဲ့သည့်နှစ်ရက်ကနမ်းခဲ့ဖူးသည့် ရင်ဘက်ကကြာပန်းပုံ​ဆေးမင်​ကြောင်​​လေး။

Lotus Flower [Completed]Where stories live. Discover now