_5_ {Uni}

6.3K 549 5
                                    

မနက်ခင်းလေးသည်သာသာယာယာပင်။ ဖြစ်ညှစ်ထားသည့်လက်​မောင်း​တွေ​ကြောင့် နည်းနည်းအသက်ရှူကြပ်သည်ကလွဲလျှင်။ မျက်လုံး​တွေဖွင့်လိုက်သည်နှင့် မြင်​နေရသည့်ညှပ်ရိုး​တွေအရ ရင်ခွင်ထဲ​ရောက်​နေမှန်းသိလိုက်သည်။

လှုပ်မရသည့်ခန္ဓာကိုယ်​ကြောင့် ​​ခေါင်း​လေးမော့ကြည့်​တော့ မျက်နှာကနွေးကနဲ။​ ညကဒီပုဂ္ဂိုလ်နှင့်ချစ်ရည်လူးခဲ့သည်မဟုတ်လား။

"ကိုယ်​တော့်ကို ကြည့်လို့ဝပြီလား"

"အရှင်..."

ပိုတင်းကျပ်​အောင်ဖက်လိုက်သည့်အပြင် နဖူးပြင်အားအနမ်း​​ချွေလိုက်သည့် မင်းကြီးဝမ်ရိ​ပေါ်​ကြောင့် ​ရှောင်းကျန့်ပြုံးပြလိုက်သည်။

"အရှင်ညီလာခံ မသွားရဘူးလားဟင်"

"မ​နေ့တည်းက အချိန်​ရွှေ့ထားတယ်"

"ဟုတ်"

"​ရေချိုးရ​အောင်"

"အရှင်အရင်ချိုးပါ"

"ကိုယ်​တော်ကအတူချိုးချင်တာ"

​ပြောပြီး ​အလင်း​ရောင်ကိုကာကွယ်​ပေးထားသည့် ခန္ဓာကိုယ်​ပေါ်ကစောင်ကိုဆွဲလှန်လိုက်တာ​ကြောင့် ကြံရာမရသည့်အဆုံး ​ရှောင်းကျန့် မင်းကြီးဝမ်ရိ​ပေါ်၏ခါးအားဖက်ကာ မျက်နှာကို ရင်ခွင်ထဲဖွက်ထားမိသည်။

မင်းကြီးဝမ်ရိ​ပေါ်ကသ​ဘော​ပေါက်သည့်အလား ဘာမှမ​ပြောဘဲပွေ့ချီသည်။ ခပ်လုံးလုံးတင်ပါး​လေးကိုပင့်ကိုင်ဖို့လည်းသူမ​မေ့။ မင်းကြီးဝမ်ရိ​ပေါ်ချီလိုက်​တော့ ခါးအားဖက်ထားသည့်ရှောင်းကျန့်လက်​တွေက ​လည်တိုင်ကိုဝိုက်ကာဖက်တွယ်ထားပြီး ​ပုခုံးထက်တွင်မျက်နှာအပ်ထားသည်။ ထိုအတိုင်း​လေးရေချိုး​ဆောင်ထဲဝင်သွားလိုက်၏။

မင်းကြီးနှင့်ကြင်ယာ​​တော်နိုးလျှင် မျက်နှာသစ်ရန်အတွက် အသုံးအ​ဆောင်​တွေယူလာ​ပေးသည့်အထိန်း​တော်နှစ်​ယောက်က​တော့ မ​နေ့ညကလိုအသံ​တွေမျိုးကို အခန်းထဲမှထပ်ကြားလိုက်ရသည်မို့ ​ရှေ့မျက်နှာနောက်ပြန်ပို့ပြီးထွက်သွားကြ​လေရဲ့။
  
//////

Lotus Flower [Completed]Where stories live. Discover now