Unicode
စောင့်ကြည့်ကြတာပေါ့။ နောက်ဆုံးအချိန်ကျ ဘယ်သူက ရယ်ပြီး ကျန်နေခဲ့မလဲဆိုတာကိုလေ။
ဘုရင်မကြီးပဲ ဖြစ်မလား? ဒါမှမဟုတ် ကိုယ်လုပ်တော်မီပဲ ဖြစ်မလား?
ယန်ဟွမ်ပဲဖြစ်မလား? ဒါမှမဟုတ် ရှောင်းရုံရုံပဲ ဖြစ်မလား?
ဇာတ်ကားထဲမှာတော့ ဘုရင်မကြီးက ကိုယ်လုပ်တော်မီကို ထိန်းချုပ်သွားနိုင်ခဲ့တယ်။
တစ်ကယ့်လက်တွေ့မှာလဲ ယန်ဟွမ်က သူမရဲ့ သရုပ်ဆောင်အရည်အချင်းတွေနဲ့ ရှောင်းရုံရုံကို စုတ်ပြတ်သတ်သွားအောင် လုပ်နိုင်ခဲ့တယ်။
တစ်ယောက်ယောက်ကို သရုပ်ဆောင်ရင်းနဲ့ အနိုင်ယူနိုင်ခဲ့တယ်ဆိုတာလဲ အရည်အချင်းတစ်မျိုးပဲလေ။ အတွေ့အကြုံရှိတဲ့ မင်းသမီးတစ်ယောက်က အသစ်လေးတစ်ယောက်ကို လွယ်လွယ်ကူကူလုပ်နိုင်တဲ့ ကိစ္စပဲလေ။ ဒါပေမဲ့ ရှောင်းရုံရုံက အသစ်လေးမဟုတ်ဘူးလေ။ ဒါပေမဲ့ အဆုံးမှာ သူမက ယန်ဟွမ်ဖိနှိပ်တာကို ခံခဲ့ရသေးတယ်။ ရိုက်ကူးရေးဆက်လုပ်နေရင်းပဲ သူမစိတ်အခြေအနေက ပိုပိုပြီး ဆိုးရွားလာခဲ့တယ်။
နောက်ဆုံးမှာတော့ သူမအခန်းတွေက ဒါရိုက်တာရဲ့ ဖြတ်တာကို အများဆုံးခံလိုက်ရပြီး ရိုက်ကူးရေးကိုလဲ အတော်လေး နှောင့်နှေးသွားစေခဲ့တယ်။ ဒါကြောင့်မလို့လဲ ဒါရိုက်တာကျန်းက စိတ်ရှုပ်လွန်းလို့ ဆံပင်မွှေးတွေတောင် အများကြီးကျွတ်သွားရတယ်။
ရှောင်းရုံရုံက သရုပ်ဆောင်ဖို့ စိတ်ကိုမှန်မနေခဲ့ဘူး။ သူမသာ အရေးကြီးတဲ့နေရာက မဟုတ်ဘူးဆိုရင် သူက သူမကို အစောကြီးကထဲက ထွက်သွားခိုင်းလိုက်တော့မှာ။ ဒါပေမဲ့ သူမက ဇာတ်လိုက်မင်းသမီးဖြစ်နေတယ်လေ။ တစ်ကယ်လို့ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် သူ့ဆံပင်တွေအကုန်ကျွတ်ကုန်တော့မှာပဲ။ ပြီးတော့ အခု ဒါက သူတစ်ယောက်ထဲ ဖြစ်နေတာ မဟုတ်ဘုး။ ဒါကြောင့်မလို့ တစ်ခြားသရုပ်ဆောင်တွေပါ အချိန်ပိုလုပ်နေရပြီလေ။ သူတို့အကုန်လုံးက ညီးညူမှုတွေအပြည့်နဲ့ပေါ့။ ပြီးတော့ ဒီကိစ္စကြောင့်မလို့ သူ့ခေါင်းက ၂ခြမ်းကွဲမတက် ကိုက်နေပြီ။
YOU ARE READING
ရင်ခွင်ထဲမှချစ်ရသူ-၂
Romanceရင်ခွင်ထဲက ချစ်ရသူ ဒုတိယစာအုပ်ပါ Book1 ကိုတော့ wall ထဲမှာ ရှာလို့ရပါတယ်