Unicode
" ကျွန်မယုံပါတယ် " ယန်ဟွမ်က မှန်ထဲမှာပေါ်နေတဲ့ သူတို့ပုံရိပ်တွေကို ပြုံးပြလိုက်တယ်။ တစ်စက္ကန့်လောက်ကြာတော့ မန်ကနေတစ်ဆင့် အခန်းထဲကို အမျိုးသမီးတစ်ယောက်ဝင်လာတာကို တွေ့လိုက်ရတယ်။ အဲ့တာ ဆုမူရန်ပဲ။ သူမက နာမည်ကြီးအဝတ်အစား brand က အဖြူရောင်ဂါဝန်လေးကို ဝတ်ထားတယ်။ အဖြူရောင်နဲ့ မြင်လိုက်ရတော့ ယန်ဟွမ်က အန်တောင်အန်ချင်သွားတယ်။
ဆုမူရန်က အပြစ်ကင်းစင်တဲ့ ကြာပန်းဖြူပုံစံမျိုး လုပ်ထားတယ်ဆိုတာ ယန်ဟွမ်ပြောနိုင်တယ်။ သူမရုပ်က ကြာပန်းဖြူနဲ့ နည်းနည်းမှမတူပဲ Green tea bitch ပုံပေါက်နေပေမဲ့လို့ပေါ့။
ဆုမူရန်က အခန်းထဲကို ဝင်လာခါစပဲရှိသေးတယ် သူမက ယွဲ့ရန်ကယန်ဟွမ့်ကို ကမ္ဘာပေါ်မှာ အလှဆုံးအမျိုးသမီးဖြစ်အောင်ပြောင်းပေးမယ်၊ နောက်ထပ် Helen of Troy ဖြစ်အောင်လုပ်ပေးမယ်လို့ ပြောတာကို ကြားလိုက်ရတယ်။
ဆုမူရန်က ဒီဟာကအရမ်းကို ချဲ့ကားပြောဆိုလွန်းတာပဲလို့ ထင်လိုက်တယ်။ သူမက အဲ့ယန်ဟွမ်ဆိုတဲ့ ဘယ်သူထက်ပဲဖြစ်ဖြစ် ပိုလှနေမှာ အသေအချာကြီးပဲလေ။
ဆုမူရန်က အခန်းထဲကို ယုံကြည်ချက်အပြည့်နဲ့ လှမ်းလာခဲ့တယ်။ ဒါပမေဲ့ ယန်ဟွမ့်ရဲ့ ပြီးပြည့်စုံတဲ့မျက်နှာက အပြုံးကိုမြင်လိုက်ရတော့ သူမက ခဏရပ်သွားတယ်။
ယန်ဟွမ့်ရဲ့ ထူးဆန်းပြီး ငါနင့်ကိုသိတယ် ဆိုတဲ့ အကြည့်ကြီးက သူမကို မသက်မသာဖြစ်စေတယ်။ ဒါပေမဲ့ ဆုမူရန်က ဒီလိုမျိုးနိမ့်ကျတဲ့ တောသူတွေအပေါ်မှာ သူမအချိန်ကိုမဖြုန်းဖို့ ဆုံးဖြတ်လိုက်တယ်။
ဘာပဲပြောပြော သူမက အဓိကဇာတ်ကောင်ပဲလေ။ ကျန်တဲ့လူအားလုံးမှာ သူမကိုကြည့်လို့ပိုကောင်းအောင်ပဲ ဇာတ်ကားထဲမှာ ရှိနေကြတာလေ။
ယွဲ့ရန်က မှော်ဆန်ဆန်ပဲ စလုပ်တော့တယ်။ သူက မိတ်ကပ်ပြင်တဲ့နေရာမှာ ထူးခြားတဲ့ချဥ်းကပ်မှုရှိတယ်။ မှန်ကန်တဲ့ပုံပန်းသွင်းပြင်တစ်ခုရအောင် စမ်းကြည့်တာ အမှားတွေနဲ့ လုပ်တာထက်စာရင် သူက သူ့ခေါင်းထဲမှာရှိနေတဲ့ ပုံစံကိုပဲပြီးပြည့်စုံအောင် အချိန်အများကြီးပေးခဲ့တယ်။ သူ့နည်းလမ်းက အလုပ်ဖြစ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ နောက်ဆုံးထွက်လာတဲ့ ရလဒ်က အမြဲတမ်းစိတ်ကိုညို့ယူသွားတာမလို့လေ။
VOUS LISEZ
ရင်ခွင်ထဲမှချစ်ရသူ-၂
Roman d'amourရင်ခွင်ထဲက ချစ်ရသူ ဒုတိယစာအုပ်ပါ Book1 ကိုတော့ wall ထဲမှာ ရှာလို့ရပါတယ်