အပိုင်း(၂၂၉) အသက်ရှိသေးတယ်

2.4K 338 6
                                    

Unicode

သူ့မျက်လုံးတွေက ဖွင့်လိုက်တော့ နည်းနည်း မသက်မသာဖြစ်နေတော့ ဖွင့်တောင်မဖွင့်ချင်တော့ဘူး။ သူခေါင်းကို အပေါ်စောင်းကြည့်လိုက်တော့ သူ့ခေါင်းအပေါ်မှာ ပုလင်းလေးနဲ့ ပိုက်လေးနဲ့သွယ်ထားတာကို တွေ့လိုက်ရတယ်။ အောက်ကိုဆက်ကြည့်လိုက်တော့ ပိုက်က သူ့လက်ကိုထိုးထားတဲ့ အပ်နဲ့ ဆက်ထားတာကိုတွေ့လိုက်ရတယ်။

ခဏကြာတော့မှ သူဘာဖြစ်ခဲ့တာလဲဆိုတာ သိသွားတော့တယ်။ သူက အခုဆေးရုံမှာ ရောက်နေတာပဲ။ သူဆေးရုံ မတက်ရတာတောင် ကြာလှနေပြီလေ။

" ဟေး မင်းနိုးပြီလား။ မင်းသေတော့မသေပါဘူးနော်။ " လိန့်ချင်းရီက လက်ပိုက်ရင်းနဲ့ လုရိဘက်ကို လျှောက်လာလိုက်တယ်။ ပြီးတော့သူက လုရိရဲ့ တောက်ပနေတဲ့ မျက်လုံးတွေကို ကြည့်လိုက်တယ်။ လုရိကြည့်ရတာ နေကောင်းပြီနဲ့တူတယ်။ ကြည့်ရတာ အခုတော့ မသေနိုင်လောက်တော့ဘူး။

" အင်း " လုရိက နောက်လက်တစ်ဖက်နဲ့ သူ့နဖူးသူ စမ်းလိုက်တယ်။ " ငါ အသက်ရှိပါသေးတယ် "

" ဒါနဲ့ ငါဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ "

သူမှတ်မိသလောက်ကတော့ သူက ရေချိုးပြီးတာနဲ့ တန်းအိပ်ယာဝင်ခဲ့တာပါ။ သူဆေးရုံရောက်နေမယ်လို့ သူမထင်ထားခဲ့ဘူးလေ။

" ငါမင်းကို ပုခုံးပေါ်ထမ်းသယ်လာခဲ့ရတာလေ " လိန့်ချင်းရီက သူ့ရင်ဘတ်သူ ပုတ်ပြလိုက်တယ်။ " ငါမင်းကို ဂုန်နီအိတ်ထမ်းသယ်သလိုမျိုး သယ်လာတာလေ။ တစ်ကယ်လို့ ငါသာမရှိရင် မင်း အခုအချိန်လောက်ဆို သေနေလောက်ပြီကွ။ မင်းအပူချိန်က ၄၀ဒီဂရီဆဲလ်စီးရပ်စ် တောင်ရောက်တော့မယ်။ မင်း နောက်၁နာရီလောက်သာ နောက်ကျလို့ကတော့ ငါမင်းကို ဆေးရုံအစား သချိုင်းကို တစ်ခါထဲတန်းခေါ်သွားနေရမှာလို့ ရီပင်းကတောင် ပြောသေးတယ်။ "

လုရိက သက်ပြင်းအရှည်ကြီးချလိုက်တယ်။

" မင်း ငါ့ဆီကို ညသန်းခေါင်ကြီး ဘာလာလုပ်တာလဲ။ ငါ့ကို အကြောင်းတစ်ခုခုကြောင့် လာတွေ့တာလား။ " လုရိက မျက်လုံးတွေကို မှိတ်လိုက်တယ်။ သူမျက်လုံးဖွင့်လိုက်တော့ အကုန်လုံးက လင်းထိန်နေတာပဲ။ လိန့်ချင်းရီက သူ့ကို ဆေးရုံခေါ်လာပေးတာတော့ အံ့ဩစရာမရှိပါဘူး။ ဒါပေမဲ့ လိန့်ချင်းရီက သူ့အိမ်ကို ညသန်းခေါင်ကြီး ဘာလာလုပ်တာပါလိမ့်။

ရင်ခွင်ထဲမှချစ်ရသူ-၂Where stories live. Discover now