Unicode
" ဟိုကောင်မရော ဒီမှာရောက်နေတယ်လို့ ငါ့ကိုမပြောနဲ့နော်။ " သူပြောလိုက်တဲ့ ကောင်မ ဆိုတာက ရီလင်းပဲ။ သေချာပေါက် သူက ရီလင်းရှေ့မှာတော့ သူမကိုကောင်မလို့ မခေါ်ရဲဘူးပေါ့။ သူက ဒီတိုင်းအပျော်သဘောနဲ့ပဲ ပြောလိုက်တာပါ။
ဒါပေမဲ့ သူကဘာတွေဖြစ်နေတာလဲဆိုတာ မြင်နိုင်နေပါတယ်။ ယန်ဟွမ်က ဒီရောက်နေပါတယ်ဆိုမှတော့ ဘယ်လိုလုပ် ရီလင်းက ဒီမှာမရှိရမှာလဲ။
ဒါပေမဲ့လဲ ယန်ဟွမ်က ခေါင်းငြိမ့်လိုက်တော့ လိန့်ချင်းရီက အကျယ်ကြီး အော်မငိုပဲ မနေနိုင်အောင် ဖြစ်သွားတယ်။
" မင်းတို့ ၂ယောက်လုံးက ဒီကိုဘာလို့ ရောက်နေကြတာလဲ။ ဒီနေရာက ပျော်စရာကောင်းနေလို့လား။ ဒီကရှုခင်းက အရမ်းကောင်းနေလို့လား။ ဒီနေရာက တစ်ပိုင်းသေနေပြီကို။ "
ယန်ဟွမ်က သူမကားရပ်ထားတဲ့နေရာကို သူတို့ကို ခေါ်သွားတော့ လိန့်ချင်းရီမျက်လုံးတွေက လှုပ်လာတယ်။ " လုရိ မင်းရဲ့ကား..... "
ဘုရား ဘုရားးးးးးး သူနောက်ထပ် ဘာဆက်ပြောရမလဲဆိုတာတောင် မသိတော့ဘူး။ သူမတို့က ဒီကို ကားနဲ့လာကြတာလား။ သူက ဒီကားကို ဂုဏ်အယူဆုံးလေ။ ဒီကိုယူလာတော့ သံချေးတက်ကုန်မှာ မဟုတ်ဘူးလား။
" ဟွမ်ဟွမ်!! " ရီလင်းက အပြင်ဘက်က ဆူညံသံတွေကို ကြားလိုက်ရတော့ ကားထဲကနေ အမြန်ပြေးဆင်းလာခဲ့တယ်။ အပြင်မှာ ဘယ်သူရှိနေတာလဲဆိုတာ မြင်လိုက်ရတော့ သူမလန့်သွားခဲ့တယ်။
" ရှင်ကလဲ ဒီကိုဘာလို့ ရောက်နေတာလဲ "
သူမအော်တောင် အော်မိတော့မယ်။
လိန့်ချင်းရီက မျက်ရည်တောင်ထွက်တော့မလို ခံစားလိုက်ရတယ်။ သူငိုတော့မဲ့အတိုင်းကြီးပဲ။
သူက သူ့ပါးစပ်ကို အပြုံးပုံစံဖြစ်အောင် လုပ်လိုက်တယ်။ " ငါအသက်ရှင်နေတုန်းမှာ မင်းကိုမြင်နိုင်တာ ကောင်းတာပဲ။ "
ရီလင်းက သူ့အပြုံးကနေ အောက်ကိုဆက်ကြည့်လိုက်တော့ သူ့လက်မောင်းမှာ အဝတ်စတစ်ခု ပတ်ထားတာကို သတိထားမိသွားတယ်။ အဲ့မှာ အခုထိမခြောက်သေးတဲ့ သွေးအစွန်းတွေရှိနေတယ်။ သူ့တစ်ကိုယ်လုံးကလဲ ရွံ့တွေမြေကြီးတွေလူးနေတာပဲ။ ပြီးတော့ ပုံစံက အရမ်းအရမ်းကို စုတ်ပြတ်နေတာပဲ။
YOU ARE READING
ရင်ခွင်ထဲမှချစ်ရသူ-၂
Romanceရင်ခွင်ထဲက ချစ်ရသူ ဒုတိယစာအုပ်ပါ Book1 ကိုတော့ wall ထဲမှာ ရှာလို့ရပါတယ်