Unicode
လုရိက ရပ်လိုက်ပြီး မျက်မှောင်ကျုံ့လိုက်တယ်။ သူ့မျက်နှာပေါ်က တည်ငြိမ်မှုက နည်းနည်းတော့ ကြောက်စရာကောင်းနေတယ်။
" လွှင့်ပစ်လိုက်ပြီ " အကြာကြီးနေတော့မှ သူက ပြောလိုက်တယ်။
တစ်ကယ့်ကိုပဲ ကြောင်လေးက လွှင့်ပစ်ခံလိုက်ရတာ။ ဖန်းကျူက ကြောင်allergic ရှိတယ်။ အဲ့တာကြောင့် သူမက ကြောင်ကို ဖွက်ထားမှာတော့ မဟုတ်လောက်ဘူး။
မေးချင်တာက သူမက ကြောင်ကို ဘယ်နေရာမှာ လွင့်ပစ်ခဲ့တာလဲ။ ပင်လယ်မြို့တော်က အကြီးကြီးပဲကို။ ကြောင်လေးကို ဘယ်နေရာမှာ ပစ်ထားခဲ့တာလဲ။ ကြောင်နဲ့ခွေးတွေက မတူဘူးလေ။ ကြောင်တွေက အိမ်ကို မရှာနိုင်ဘူး။ ခွေးဆိုရင်တောင် သူတို့ကို အဝေးကြီးမှာ ပစ်ထားခဲ့ရင် အိမ်ပြန်လမ်းကို ရှာနိုင်မှာ မဟုတ်လောက်ဘူး။
" လူခွဲပြီး ရှာကြတာပေါ့။ " လိန့်ချင်းရီက သူ့နဖူးသူ ပွတ်လိုက်တယ်။ " ငါ နောက်ထပ်လူလေးတွေ ခေါ်ကြည့်ဦးမယ်။ "
သူက ဖုန်းထုတ်လိုက်ပြီး သူ့ကိုကူရှာပေးဖို့ လူတစ်ချို့ကို ခေါ်လိုက်တယ်။ အဲ့အချိန်မှာ လုရိက မောင်းထွက်သွားနှင့်ပြီ။ လေက သူ့မျက်နှာကို လာတိုက်သွားတယ်။ နည်းနည်းတောင် နာသွားသလိုပဲ။
လိန့်ချင်းရီက လူတစ်ချို့ကို ခေါ်လိုက်ပြီး သူက အခြေအနေကို သူတို့ကို နည်းနည်းရှင်းပြလိုက်တယ်။ လူများများနဲ့ ရှာတော့ ပိုကောင်းတာပဲလေ။ တစ်ကယ်တော့လုရိက သူ့ထက်ပိုပြီး အဆက်အသွယ်ကောင်းတယ်လေ။ တစ်ကယ်လို့ သူသာပါးစပ်ဟလိုက်မယ်ဆိုရင် ပင်လယ်မြို့တော်က လူတွေအားလုံး သူ့ကိုကူပြီး ကြောင်လိုက်ရှာပေးကြရင်တောင် အံ့ဩစရာရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုဟာက လူမဟုတ်ဘူးလေ။ ကြောင်ဖြစ်နေတယ်။ စစ်ဆေးရေးမှူးလုဆိုတဲ့ နာမည်က အရမ်းမြင့်တယ်။ သူ့နာမည်က တော်တော်လေး လေးတယ်။ ပြီးတော့ လူတွေကိုလဲ ကြောက်စေတယ်။ ဒါပေမဲ့ တစ်ချိန်ထဲမှာပဲ သူက သေချာသတိထားပြီးလဲ နေရတယ်။
သူက ဂုဏ်ကိုလဲ သယ်ပိုးထားရတယ်။ ပြီးတော့ တာဝန်ကိုလဲ သယ်ပိုးထားရတယ်။
YOU ARE READING
ရင်ခွင်ထဲမှချစ်ရသူ-၂
Romanceရင်ခွင်ထဲက ချစ်ရသူ ဒုတိယစာအုပ်ပါ Book1 ကိုတော့ wall ထဲမှာ ရှာလို့ရပါတယ်