Unicode
ကျွန်တော်က အချစ်ဆုံးဟု ပြောလျှင် မမယုံကြည်ပါလိမ့်ဦးမည်။ ချစ်တဲ့ အချစ်တွေ အဆုံးသတ်သွားခဲ့ပြီဟု ထပ်မံပြောခဲ့လျှင်လည်း မမ၏ စို့နင့်ကြေကွဲလှသော
အကြည့်များနှင့် ပြုံးနိုင်အောင် ကြိုးစားထားသည့် နှုတ်ခမ်းများက ကြည်ကြည်ဖြူဖြူ လက်ခံပေးလိုက်ကြဦးမည်သာ။အမှန်တကယ်ပင် ကျွန်တော့်ဘဝမှာ မမကို အချစ်ဆုံး ဖြစ်ပြီး ချစ်တဲ့အချစ်တွေကို အဆုံးစီရင် ပစ်လိုက်ပြီးပါပြီ။
"မောင့်ကို မချစ်ဘူးလား"ဟု မေးခဲ့စဥ်က ရှက်စနိုးနှင့် ခေါင်ညိတ်ခဲ့သည့် မမက "မချစ်ပါနဲ့တော့"ဟု တောင်းဆိုတော့လည်း အသာတကြည် ခေါင်းညိတ်ခဲ့တာဟာ ကျွန်တော်နဲ့ထိုက်တန်တဲ့ လိုက်လျောမှုတစ်ခုသာ ဖြစ်၏။
ပထမ ခေါင်းညိတ်သည်က "မောင့်ကိုချစ်ပါတယ်"ဟု အဓိပ္ပါယ်ရပြီး ဒုတိယအကြိမ်သည် "မောင့်သဘောပါ"ဟု ယူဆရမည်မှန်း မမအပေါ် နားလည်နိုင်သည့်အထိ ကျွန်တော် အရိပ်တကြည့်ကြည့် ချစ်ခဲ့ရပါသည်။
မမအပေါ် မုန်းတီးစက်ဆုပ်လျက် ချစ်ခြင်းသည် အဆုံးသတ်၍ မရပေ။ သည်လောက်ထိ ကျွန်တော်ချစ်ခဲ့မိသည်။အချစ်တွေ အဆုံးသတ်လိုက်တာဟာ မချစ်တော့ဘူးဟု ပြောလာသူရှိလျှင် ကျွန်တော်နီးရာဓားဆွဲ၍ ထိုသူနှင့် အသေအကြေ ထိုးကြိတ်သတ်ပုတ်မိလိမ့်မည်။ သို့ပေမဲ့ အဲ့ဒါဟာ အရေးပါလှသည်တော့မဟုတ်။ မချစ်တော့တာဖြစ်စေ၊ အချစ်တွေ အဆုံးသတ်လိုက်တာဖြစ်စေ၊ မမနဲ့ကျွန်တော်က နီးစပ်နိုင်တော့မည် မဟုတ်ပေ။
ကျွန်တော်မချစ်တော့တာ မဟုတ်ဘူး။ အချစ်တွေ အဆုံးသတ်ပစ်လိုက်ရတာပါ။ ဒါဟာ ကိုယ့်ကိုယ်ကို အဆုံးသတ် စီရင်ခြင်းနှင့်တမျှ နာကျင်ရပါတယ်။
စာရေးသူ- အစအဆုံး ရေးပြီးသားပါ။ ကျွန်တော့်ဘဝမှာ တစ်ခါပဲရေးမည့် story ပုံစံမျိုး ဖြစ်ပါတယ်။
ဆယ်ပိုင်းမပြည့်တာမို့ ဖတ်ကြည့်ဝေဖန်ပေးကြပါဦး။____________________________________
Unicode
ကြၽန္ေတာ္က အခ်စ္ဆုံးဟု ေျပာလွ်င္ မမယုံၾကည္ပါလိမ့္ဦးမည္။ ခ်စ္တဲ့ အခ်စ္ေတြ အဆုံးသတ္သြားခဲ့ၿပီဟု ထပ္မံေျပာခဲ့လွ်င္လည္း မမ၏ စို႔နင့္ေၾကကြဲလွေသာ
အၾကည့္မ်ားႏွင့္ ၿပဳံးနိုင္ေအာင္ ႀကိဳးစားထားသည့္ ႏႈတ္ခမ္းမ်ားက ၾကည္ၾကည္ျဖဴျဖဴ လက္ခံေပးလိုက္ၾကဦးမည္သာ။အမွန္တကယ္ပင္ ကြၽန္ေတာ့္ဘဝမွာ မမကို အခ်စ္ဆုံး ျဖစ္ၿပီး ခ်စ္တဲ့အခ်စ္ေတြကို အဆုံးစီရင္ ပစ္လိုက္ၿပီးပါၿပီ။
"ေမာင့္ကို မခ်စ္ဘူးလား"ဟု ေမးခဲ့စဥ္က ရွက္စနိုးႏွင့္ ေခါင္ညိတ္ခဲ့သည့္ မမက "မခ်စ္ပါနဲ႕ေတာ့"ဟု ေတာင္းဆိုေတာ့လည္း အသာတၾကည္ ေခါင္းညိတ္ခဲ့တာဟာ ကြၽန္ေတာ္နဲ႕ထိုက္တန္တဲ့ လိုက္ေလ်ာမႈတစ္ခုသာ ျဖစ္၏။
ပထမ ေခါင္းညိတ္သည္က "ေမာင့္ကိုခ်စ္ပါတယ္"ဟု အဓိပ္ပါယ်ရပြီး ဒုတိယအႀကိမ္သည္ "ေမာင့္သေဘာပါ"ဟု ယူဆရမည္မွန္း မမအေပၚ နားလည္နိုင္သည့္အထိ ကြၽန္ေတာ္ အရိပ္တၾကည့္ၾကည့္ ခ်စ္ခဲ့ရပါသည္။
မမအေပၚ မုန္းတီးစက္ဆုပ္လ်က္ ခ်စ္ျခင္းသည္ အဆုံးသတ္၍ မရေပ။ သည္ေလာက္ထိ ကြၽန္ေတာ္ခ်စ္ခဲ့မိသည္။အခ်စ္ေတြ အဆုံးသတ္လိုက္တာဟာ မခ်စ္ေတာ့ဘူးဟု ေျပာလာသူရွိလွ်င္ ကြၽန္ေတာ္နီးရာဓားဆြဲ၍ ထိုသူႏွင့္ အေသအေၾက ထိုးႀကိတ္သတ္ပုတ္မိလိမ့္မည္။ သို႔ေပမဲ့ အဲ့ဒါဟာ အေရးပါလွသည္ေတာ့မဟုတ္။ မခ်စ္ေတာ့တာျဖစ္ေစ၊ အခ်စ္ေတြ အဆုံးသတ္လိုက္တာျဖစ္ေစ၊ မမနဲ႕ကြၽန္ေတာ္က နီးစပ္နိုင္ေတာ့မည္ မဟုတ္ေပ။
ကြၽန္ေတာ္မခ်စ္ေတာ့တာ မဟုတ္ဘူး။ အခ်စ္ေတြ အဆုံးသတ္ပစ္လိုက္ရတာပါ။ ဒါဟာ ကိုယ့္ကိုယ္ကို အဆုံးသတ္ စီရင္ျခင္းႏွင့္တမွ် နာက်င္ရပါတယ္။
____________________________________
စာေရးသူ- အစအဆုံး ေရးၿပီးသားပါ။ ကြၽန္ေတာ့္ဘဝမွာ တစ္ခါပဲေရးမည့္ story ပုံစံမ်ိဳး ျဖစ္ပါတယ္။
ဆယ္ပိုင္းမျပည့္တာမို႔ ဖတ္ၾကည့္ေဝဖန္ေပးၾကပါဦး။