4

84 12 3
                                    

Unicode

မမတွင် သိပ်ချစ်စရာကောင်းသော အချက်တစ်ခုက သဝန်တိုရမည်ကို ရှက်ကာ တစ်ယောက်တည်းကြိတ်၍ သဝန်တိုနေခြင်း ဖြစ်၏။

ကျွန်တော့်မှာ ငယ်သူငယ်ချင်းကောင်မလေး တစ်ယောက်ရှိသည်။ သူ့ကို ကျွန်တော်ချစ်ပါသည်။ ညီမလေးတစ်ယောက်ကို ချစ်သလိုမျိုး ချစ်တာ ဖြစ်၏။ သူနှင့်ပတ်သက်သမျှ ကိစ္စအားလုံးကို သူငယ်ချင်းတစ်ယောက်အပေါ် အလုံးစုံ ယုံကြည်မှုမျိုးဖြင့် ရင်ဖွင့်တတ်သည်။ ကျွန်တော်ကလည်း အစ်ကိုကြီး တစ်ယောက်လိုမျိုး စိတ်မရှည်သည့်အခါ အော်ငေါက်ပစ်တတ်ပေမဲ့ တော်တော်များအပေါ် လက်ခံနားထောင်ပေးတတ်သည်။

မမသဝန်တိုစရာကတော့ ကျွန်တော်တို့နှစ်ယောက်သည် မနူးမနပ် အထက်တန်းအရွယ်မှာ တွဲခဲ့ဖူးပြီး အခုထိသူက ရည်းစားမရှိသေးသောကြောင့် ဖြစ်၏။

ချစ်သူတို့သဘာဝ တွေ့ကြဖို့ ချိန်းဆိုကြသောအခါ ကျွန်တော်က ချိန်းသည့်အချိန်ထက် စောစောလာတတ်သူ ဖြစ်ပြီး မမက အချိန်တိကျစွာ လာတတ်သူ ဖြစ်သည်။ မမတွင် ဘတ်(စ်)ကားကြပ်၍၊ ကားလမ်းပိတ်၍ဆိုသော အကြောင်းပြချက်မရှိပေ။မမက ရေအိုးပေါက်တာ မမြင်စေရ ရေပါလာအောင် ဆောင်ရွက်တတ်သူ ဖြစ်၍ ကားပိတ်သည့်အကြောင်းပြချက်မျိုးဖြင့် အချိန်မလေးစားတတ်သောသူ အဖြစ်မခံပါ။

အမြဲစောလာတတ်သော ကျွန်တော်က တစ်ခါတော့ နောက်ကျခဲ့ဖူးသည်။ လူကြီးတစ်ယောက်၏ ကျန်းမာရေးပြဿနာ​ကြောင့် ဆိုပေမဲ့ ထိုလူကြီးမှာ သူငယ်ချင်းမိန်းကလေး၏ အမေဖြစ်၏။

"ဆောရီးမမ နောက်ကျသွားတယ်၊ ဖုန်းဆက်ဖို့ အချိန်မရလိုက်လို့"

"ဘာဖြစ်နေလို့လဲဟင်၊ အရေးကြီး ပြဿနာလား၊ ဒီကို လာရတာရော အဆင်ပြေရဲ့လား"

နောက်ကျသည့်အတွက် စိတ်ဆိုးမာန်စိုး ရစ်မည့်အစား ပူပန်ပေးနေသည့် ချစ်သူကောင်မလေးအား ကျွန်တော်အသက်ထက် ချစ်မိသွားကြောင်း ပြောလျှင် အပိုမဟုတ်ပါ။ မမ၏ အမူအကျင့်လေးများ အားလုံးသည် ချစ်ချင်စရာတွေချည်း ဖြစ်၏။

"သိပ်အရေးမကြီးပါဘူး "

"မမကို ဖုန်းမဆက်တာကရော"

အဆုံးမသတ်ခြင်းနိဂုံးတစ်ပုဒ်သို့ Where stories live. Discover now