5

105 13 10
                                    

Unicode

မမကို ကျွန်တော်၏ နေ့စဥ်ဘဝအား လွှမ်းမိုးခွင့်ရအောင် ကျွန်တော်ကိုယ်တိုင် ကြိုးစားယူခဲ့ခြင်းပင်။ နေမကောင်းတာကအစ ဘာဆေးသောက်ရမလဲဟု မမဆီက ကြင်နာယုယမှု၊ ဂရုတစိုက်ပြုစုမှုများကို တောင်းတစွာ မေးမြန်းခဲ့သည်။

မမအတွက် ကျွန်တော်သည် စိတ်တိုင်းကျ ပြုပြင်မွမ်းမံထားသော၊ မမကိုယ်တိုင် ဂုဏ်ယူကျေနပ်ရစေသော ပန်းပုရုပ်တစ်ခုနှင့် တူနေမည်လား၊ မမအလိုဆန္ဒများကို သဘောထားကြီးစွာ လိုက်လျောပေးတတ်သည့် ချစ်သူကောင်းတစ်ယောက် ဖြစ်နေမည်လား ဆိုတာတော့ မမကိုယ်တိုင် သတ်မှတ်ရမည်မို့ မေးခွန်းတစ်ခုအနေဖြင့် မေးမြန်းခြင်း မပြုခဲ့ဖူးပေ။

ကျွန်တော်တတ်နိုင်သမျှ မမ၏ ပြောစကားများအတိုင်း ဖြစ်လာစေရန် ကိုယ့်ကိုယ်ကို ပြောင်းလဲယူခြင်းဖြင့် မမ၏ လေးစားသော အကြည့်များကို ဆွတ်ခူးခဲ့သည်။

အခုတလော ကျွန်တော်သည် အလုပ်ထဲတွင် အဆင်မပြေသမျှ မမဆီကိုပဲ ရင်ဖွင့်ဖြစ်၏။ တချို့သော ကိစ္စတွေမှာ ကျွန်တော်၏ စိတ်လိုက်မာန်ပါ ပြုမူဆောင်ရွက်ခြင်းကို မမက မသင့်တော်ကြောင်း စိတ်မကောင်းစွာ ပြောပြပေးသည်။ ကျွန်တော်၏ ရင်ဖွင့်ခြင်းသည် မမနှင့်ကျွန်တော့်အကြား ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်စေခဲ့၏။

"မောင် စာဖတ်ကြည့်ဖို့ စိတ်ကူးရှိလားဟင်"

မမ၏ မေးခွန်းကို ကျွန်တော်ရယ်တော့ သိမ်မွေ့သောအကြည့်၏ တည်ကြည်သော အရိပ်အယောင်ကို ခံစားလိုက်ရသည်။

မမက စာဖတ်ခြင်းကို ကော်ဖီနှင့်ဆတူ စွဲလမ်းနေသူဖြစ်၏။ တစ်ခါတရံ ကျွန်တော်မျက်နှာချင်းဆိုင်မှာ ထိုင်နေသည်ကိုပင် မေ့နေသလား ထင်ရအောင် စာအုပ်ထဲ စိတ်နှစ်ထားတတ်သည်။ မမတွင် ဖတ်လက်စစာအုပ်တစ်အုပ်သည် အစဥ်အမြဲ ရှိနေတတ်၏။

"မွေးရာပါခြေထောက်မသန်တဲ့သူကို ဘောလုံးကန်တတ်လား မေးသလို ဖြစ်နေပြီ မမမေးခွန်းက"

"စာဖတ်ပါလားမောင်"

"မမက ဖတ်စေချင်တဲ့စာအုပ်ရှိလို့လား"

အဆုံးမသတ်ခြင်းနိဂုံးတစ်ပုဒ်သို့ Where stories live. Discover now