ဇာတ်သိမ်းပိုင်း

265 16 4
                                    

Unicode

အဆုံးမဲ့နိဂုံးတစ်ခုသို့

ကျွန်တော်၏မမပါဝင်ခြင်း မရှိသော ပထမဆုံး အားလပ်ရက်တွင် မမနှင့်ရှိခဲ့ဖူးသော ​နေရာများတွင် မမ၏အငွေ့အသက်များအား ရှာဖွေနေခဲ့မိပြီ။

မမချစ်သော အရာများကို တွေးတောရင်း မမ မကြိုက်သော အပြုအမူများအား လုပ်ဆောင်မိနေ၏။ ကျွန်တော့်ကို ချစ်မြတ်နိုးစွာ ကြည့်ရှုမည့်သူ မရှိသလို ကရုဏာပိုစွာ ပဲ့ကိုင်မည့်သူလည်း မရှိတော့ပါ။

ကျွန်တော့်ဘဝအတွက် မမကို လိုအပ်နေသေးသည်။ မမကို အနှိုင်းအဆမဲ့စွာ ချစ်နေသေးသည်။ သို့ပေမဲ့ မမပိုင်ဆိုင်ထားသော ဘဝကို ကျွန်တော်မနှစ်သက်နိုင်ပါ။ မမလို ချစ်သူမျိုး ပိုင်ဆိုင်ခဲ့ဖူးသည်ကိုပင် ကိုယ့်လိပ်ပြာကိုယ် ရှက်နေခဲ့သည်။

အသိစိတ် ကောင်းစွာ ဝင်ရောက်လာချိန်တွင် ကျွန်တော့်ခြေလှမ်းများက မမတို့အိမ်ရှေ့ ရောက်နေခဲ့ပြီ။အသည်းကွဲသော ယောကျာ်းတို့၏ ထုံးစံအတိုင်း  ယမကာမှီဝဲထားခြင်းကြောင့် စဥ်းစားဉာဏ်နည်းပါးနေသည့်တိုင် အသိစိတ်မလွတ်သေးပါ။

လူခေါ်ဘဲလ်အား ကြောက်ရွံ့စွာ စိမ်းစိမ်းကားကားကြည့်၍ ခြေလှမ်းများအား တပ်ခေါက်ပြန်ဆုပ်လိုက်၏။

မမနဲ့ ကျွန်တော် အရင်လို ရန်ဖြစ်ထားခြင်းမျိုး မဟုတ်ပါ။ မဖြစ်နိုင်သော အမှန်တရားတစ်ခုဖြင့် ထာဝရဝေးကြရတော့မည်သာ ဖြစ်၏။

ကျွန်တော်မမကို ချစ်ဖူးသည်။ ချစ်ခဲ့သည်။ ချစ်လျက်ရှိနေသေးသည်။ သို့အတွက်ကြောင့် မမ၏ ဘဝအား လက်မခံနိုင်သည့်အပေါ် ပို၍ နာကျင်ရ၏။

"မောင်"

အလျင်လိုသော ခြေလှမ်းနှင့်အတူ အမောလိုက်သော ခေါ်သံလေးသည် ကျွန်တော်အကြားချင်ဆုံး အတမ်းတဆုံး အသံလေးပါ။တပြိုင်နက် ကျွန်တော် မကြားရဲသော အသံလည်း ဖြစ်၏။

မမကို လှည့်မကြည့်ဘဲ ခြေလှမ်းရပ်လိုက်၏။

"မောင်လာနေတာ လမ်းထိပ်လောက်ကတည်းက ဝရန်တာပေါ်က မြင်တယ်၊ မမ ထွက်မခေါ်မိအောင် ထိန်းပါသေးတယ် ဒါပေမဲ့"

အဆုံးမသတ်ခြင်းနိဂုံးတစ်ပုဒ်သို့ Nơi câu chuyện tồn tại. Hãy khám phá bây giờ