7

96 10 2
                                    

Unicode

လူတစ်ယောက်က သူ၏ ချစ်သူမိန်းကလေးအပေါ် တန်ဖိုးထားခြင်းအတွက် အချိန်ကာလ မည်မျှအထိ သက်သေပြရမည်နည်း။ ကျွန်တော်သည် သုံးနှစ်ကြာကာလအထိ မမ၏ လည်တိုင်ကို နှုတ်ဆက်နမ်း နမ်းသည်ထက် ပိုမိုသော ဆန္ဒကျူးလွန်သည့် ကိစ္စမျိုး မပြုခဲ့ဖူးပါ။

ကျွန်တော် မြတ်နိုးသည့် မိန်းကလေးအပေါ် အစွမ်းကုန် တန်ဖိုးထားခဲ့၏။သို့ပေမဲ့  ပုထုစဥ်လူသား ဖြစ်သည့်အတွက် မသိစိတ်ထဲ၌ အစဥ်အမြဲ ကိန်းအောင်းနေခဲ့သော ရမ္မက်မီးသည် ချစ်သူသက်တမ်းသုံးနှစ်ပြည့် အခမ်းအနားတွင် အရှိန်အဟုန်ဖြင့် တောက်လောင်လာခဲ့သည် ထင်သည်။

ကျွန်တော်နှင့်မမသည် ချစ်သူဖြစ်သည့်နေ့ အမှတ်တရအတွက် တစ်ယောက်ကိုတစ်ယောက် အထူးတလည် အချိန်ပေးရခြင်းမျိုးကို နှစ်သက်၏။ အဲ့သည်လိုနေ့မျိုးတွင် မနက်စောစောအချိန်မှ ညမိုးချုပ်သည့်အထိ နှစ်ယောက်အတူ တစ်နေ့တာကို ဖြတ်သန်းတတ်ကြသည်။

သုံးနှစ်ပြည့်နေ့မှာတော့ မမ၏မေမေသည် ညီမရှိရာ USသို့ သွားရောက်လည်ပတ်နေသည့်အတွက် ကျွန်တော်က အိမ်ကို ဖိတ်ခေါ်ခြင်း ခံလိုက်ရသည်။သိပ်ပျော်မိပါသည်။  သည်ပျော်ရွှင်ခြင်းကပဲ ကျွန်တော်၏ ထိန်းချုပ်တားမြစ်နိုင်စွမ်းအား လျော့ချခဲ့သည်လား မသိပေ။

ကျွန်တော်သည် မမ၏ တစ်နေ့တာ အိမ်တွင်းဝေယျာဝစ္စများအား ကူညီရနေသည်ကိုပင် မိမိကိုယ်ကို မမ၏ လင်ယောကျာ်းအဖြစ် စိတ်ကူးယဥ်ပစ်ရန် အရှိန်ရနေခဲ့ပြီ။

မမအခန်းထဲတွင် ရေချိုးနေသည့်အခါ ရေစီးကျနေသံ နားထောင်ရင်း ရင်ထဲ၌ အမျိုးမတူသော ရင်ခုန်ခြင်းနှင့်အတူ လှိုက်ဖိုခြင်းများအား လက်ဆက်စွာ ခံစားလိုက်ရ၏။ မမ ရေချိုးခန်းထဲမှ ထွက်လာသည့်အခါ ကျွန်တော်သည် အိန္ဒြေကြီးစွာ အခန်းထဲမှ ထထွက်ပေးခဲ့သည်။

အဲ့သည်နေ့က မမအတွက် ကျွန်တော်ဖျော်ပေးသော ကော်ဖီသည် ပထမဦးဆုံးနှင့် နောက်ဆုံးဆိုတာ သိခဲ့ရလျှင် ရေမများအောင် သတိထား ဖျော်ပေးခဲ့ပါတယ်။

မမသည် အမေအိမ်တွင်ရှိ၍ အလုပ်ဆင်းနေရသော မိန်းကလေးပီပီ ဟင်းချက်မကျွမ်းပါ။ ဆီစင်လျှင် ထခုန်တတ်ပြီး ကြက်ဥကြော်အား တစ်ဖက်သို့ လှန်ပါက အနှစ်ပေါက်သွားတတ်သည်။

အဆုံးမသတ်ခြင်းနိဂုံးတစ်ပုဒ်သို့ Onde histórias criam vida. Descubra agora