Your're my Luna( 15 )

3K 307 1
                                    

Unicode

သူတို့အိမ်ပြန်လမ်းကတိတ်ဆိတ်လို့နေကာ ဘယ်သူ့ဘက်ကမှစကားမစမိဘူး...တိတ်ဆိတ်နေတဲ့အခြေအနေကြောင့် Driver ဦးလေးကြီးကမှန်မှတစ်ဆင့်လှမ်းလှမ်းကြည့်လာတယ်....

"မကြာခင် heat ကာလရောက်တော့မယ်..."

"......"

"မင်းငါနဲ့အတူဖြတ်သန်းချင်လား?"

"!!"

ရုတ်တရပ်ကြီး ဒီအကြောင်းဆွေးနွေးလာတော့ taehyung ဘာဖြေရမှန်းမသိဖြစ်သွားရတယ်....

"တကယ်လို့ မင်းဆန္ဒမရှိဘူးဆိုလည်းရပါတယ် ငါအတင်းအကြပ်မတိုက်တွန်းပါဦး"

တိတ်ဆိတ်နေတဲ့သူ့ကြောင့် jungkook ကတစ်မျိုးတွေးသွားပုံပဲ...သူလက်ခံချင်တာပေါ့...ဒါပေမဲ့ချက်ချင်းလက်ခံလိုက်ရင် အရမ်းအပေါစားဆန်းသွားမလား....

"ငါကမင်းအတွက်ပြောတာပါ စိတ်ထဲမထားလည်းရတယ်"

Jungkook အနေနဲ့ဒီကိစ္စကို အနည်းငယ်လက်ခံဖို့မျှော်လင့်မိတယ်ဆိုပေမဲ့ ငြင်းခံရဖို့အတွက်လည်းသူတွေးထားပြီးသားပင်...

"ဟို..ကျွန်တော်အဲ့ကိစ္စအတွက်နည်းနည်းစဥ်းစားချင်လို့"

"မင်းသဘောအတိုင်းပါပဲ"

သူတို့စကားကိုအတိုင်းသားကြားနေရတဲ့ Driver ကအလွန်အံ့သြနေခဲ့တယ်...ဘာလို့ဆို Mr. Jeon ကအမြဲခပ်တည်တည်သာနေတက်သလို သူ့ရဲ့စကားတစ်လုံးချင်းဆီကလည်းအေးစက်ကာရက်စက်လွန်းလှသည်...အခု Mr. Jeon က Mr. Kim ကိုနုနုညံ့ညံ့ပြောလိုက်တယ်တဲ့လား...Mr. Jeon ပါးစပ်ဒီလိုနုနုညံ့ညံ့ထွက်တက်တယ်တဲ့လား...သူအံ့သြနေခဲ့ပေမဲ့ အမူအရာတစ်ချက်လေးတောင်မပျက်ဘဲ ကားဆက်မောင်းနေခဲ့သည်...

အိမ်တော်ကိုရောက်တော့ ထမင်းစားပွဲအဆင်သင့်နဲ့ အထိန်းတော်ကရပ်စောင့်နေတယ်...ဘေးနားကအိမ်စေတွေက သူတို့ရဲ့အပြင်ကုတ်အားယူစေပြီး ထမင်းစားခန်းကိုနှစ်ယောက်အတူလျှောက်လာလိုက်တယ်...ထမင်းစားခန်းကြီးဇွန်းခရင်းသံဖြင့်သာဆူညံနေပြီး မည်သူမှအထွေအထူးစကားမပြောမိကြပေ...ထမင်းစားပြီးတော့ jungkook ကော taehyung ရောက သူတို့ကိုယ်ပိုင်စာကြည့်ခန်းကိုဝင်သွားကြသည်...ဘေးချင်းကပ်ရပ်မို့ taehyung အနည်းငယ်စိတ်လှုပ်ရှားနေတယ်...အရင်ကတော့ သူပဲစာကြည့်ခန်းထဲရှိတာကို အခု jungkook ကလည်းသူ့လိုပင်စာကြည့်ခန်းထဲတွင်ရှိပြီး ဘေးချင်းကပ်ရပ်အခန်းထဲတွင်ဆိုသောအသိက ကြည်နူးနေပြန်တယ်...jungkook ကအလုပ်ကြိုးစားသူဆိုတော့ သူအခုချိန်ဆိုအလုပ်လုပ်နေတော့မှာပေါ့...သူကအရမ်းတော်ပြီး ဆွဲဆောင်မှုရှိတဲ့ alpha တစ်ကောင်ပဲ...အဲ့ဒီ alpha ကငါ့ကိုသူနဲ့ဖြတ်သန်းဖို့ကမ်းလှမ်းခဲ့တယ်...အားးးးဘယ်လိုတောင်ရင်ခုန်စရာကြီးလဲ ဆိုးတာကသူအဲ့စကားပြောတဲ့အချိန်တောင်သူ့ရုပ်ကခပ်တည်တည်ပဲ...ဧကန္တခင်ပွန်းတစ်ယောက်ရဲ့တာဝန်ကြောင့်များမေးတာလား...ဟင်းးးးမသိတော့ဘူးကွာ...စာအုပ်ထဲက ရိုမီယို နဲ့ ဂျူးလိယက်ဇာတ်လမ်းလေးကိုသာဆက်ဖတ်လိုက်တယ်....

You're my Luna ( Complete )Where stories live. Discover now