You are my Luna ( 20 )

3.2K 297 1
                                    

Unicode

"မေမေ သားသားဆော့ချင်တယ်"

"သားလေး ဘယ်အချိန်ရှိပြီလဲအိပ်တော့နော်"

"မေမေ သားသားပျင်းလို့ပါ"

"ဟင်းးးတစ်ခါပဲရမယ်နော်"

        ညကြီးမိုးချုပ် ဆော့ချင်တယ်ဟု ဂျီကျလာသော သားငယ်ကြောင့် သူမ အိပ်ရာပေါ်ကဆင်းကာ သာလေးခေါ်ရာခန်းမနောက်ကိုလိုက်သွားလိုက်တယ်...

"မေမေ ပိုးစုန်းကြူးလေးတွေထုတ်ပေးပါလား သားသားသဘောကျလို့ပါ"

        ချစ်စဖွယ်ကောင်းအောင်ပြုလုပ်နေသောသားငယ်ကြောင့် သူမပြုံးရင်းလက်ဖဝါးကိုဟန်ပါပါမွေ့လိုက်တော့ ရွှေရောင်အမှုန်လေးတွေပေါ်လာပြီး နေရာအနှံ့ဖြန့်ကြဲသွားတယ်...သားငယ်ကရွှေရောင်အမှုန်လေးတွေကိုပိုးစုန်းကြူးဟုထင်ကာခေါ်နေခြင်းပင်...လွင့်စင်သွားတဲ့ရွှေမှုန်လေးတွေကိုသားငယ်ကလိုက်ဖမ်းတယ်...ရုတ်တရပ်ဆိုသလိုရွှေမှုန်လေးတွေကျသွားတဲ့နေရာကနေမြက်ပင်စိမ်းစိမ်းတွေက လျင်မြန်စွာပေါက်ရောက်လာကြပြီး ခဏတွင်းချင်းမှာပင် ပန်းမျိုးစုံနဲ့မြက်ပင်များရောနှောသွားတယ်...လေထဲလွင့်နေတဲ့ရွှေမှုန်လေးတွေက ပိုးစုန်းကြူးလေးတွေလို အခန်းထဲအလင်းရောင်ပေးတယ်....

"ဟား..ဟား..ဟား..ခခ်..ခခ်"

      သဘောတကျရယ်ကာ မြက်ခင်းထဲပြေးလွှားကစားနေသောတဲ့သားငယ်ကိုကြည့်ရင်း တက်ဆော့လို့ရမယ့် အပင်ငယ်တစ်ခုအားဖန်တီးကာ ထိုအကိုင်းအခက်များကသားငယ်လေးဆီသို့ဦးတည်သွားရင်း သေချာပွေ့ပိုက်ကာ သစ်ပင်ပေါ်မှာထိုင်နေတဲ့သူ့ဆီခေါ်ဆောင်လာတယ်...

"မေမေ သားသားကောအဲ့လိုလုပ်လို့ရလားဟင်"

"သားသားကလုပ်ချင်လို့လား"

"ဟုတ်!!"

    စိတ်အားထက်သန်စွာပြောလာသော မျက်ဝန်းလက်လက်တွေကိုကြည့်ရင်း သူမပြုံးလိုက်တယ်...

"မျက်လုံးတွေကိုမှိတ်ပြီး အာရုံစိုက်ကြည့်ပေါ့"

       မျက်လုံးကိုမှိတ်ပြီးအတင်းအားစိုက်ထုတ်နေသောကလေးငယ်ကိုကြည့်ရင်းသဘောတကျရယ်မိတယ်....

You're my Luna ( Complete )Where stories live. Discover now