You're my Luna ( 8 )

3.6K 310 4
                                    

Unicode

နောက်နေ့မနက်မှာ taehyung စောစောထပြီး မနက်စာဝိုင်းပြင်လိုက်တယ်...အလကားနေမဲ့အစားတစ်ခုခုလုပ်တာကကောင်းတယ်မလား....

"သခင်ကြီး မနက်စာစားလို့ရပါပြီ"

"အင်း"

အထိန်းတော်ကြီးရဲ့စကားကြောင့် taehyung လှည့်ကြည့်မိတော့ လှေကားမှအေးဆေးစွာဆင်းလာသော jungkook...အနက်ရောင်ယူနီဖောင်းကိုသေသပ်စွာဝတ်ဆင်ထားပြီး အင်္ကျီမှာလည်းတွန့်ရာလေးပင်မရှိ သေသပ်စွာဖီလိမ်းပြင်ဆင်ထားပုံက မြင်သူတိုင်းကိုရှိန်စေတဲ့အရှိန်အဝါရှိတယ်.....

"ဒီနေ့လည်းကိုယ်နောက်ကျမှာမို့ မနေ့ကလိုစောင့်မနေနဲ့"

Taehyung သတိပြန်ဝင်လာတော့ jungkook ကသူ့မျက်နှာချင်းဆိုင်တွင်ဝင်တောင်ထိုင်နေလေပြီ...မိမိဖြစ်ရပ်ကိုစဥ်းစားမိပြီး taehyung မျက်နှာအနည်းငယ်ပန်းရောင်သမ်းလာတယ်...သူအခုသူစိမ်း alpha တစ်ကောင်ကိုငမ်းနေခဲ့တာ!!!

"မင်းကိုဘယ်သူကမနက်စာပြင်ခိုင်းလို့လဲ"

အေးစက်စက် jungkook ရဲ့အမိန့်စကားကြောင့် သူ့မှာလက်ထဲကခရင်းကိုတင်းတင်းဆုပ်ကိုင်ထားမိသည်....

"ဒီမှာအလုပ်ခန့်ထားတဲ့လူတွေက ကိုယ့်အလုပ်ကိုယ်မသိတာလား"

"........."

အလုပ်သမားတွေကလည်း jungkook အသံကြောင့်ကြောက်လန့်ကုန်ကာ အသံပင်မထွက်ရဲတော့ပေ....သူတို့အော်ခံရတာကြောင့် taehyung မိမိကိုယ်ကိုအပြစ်ရှိစိတ်တို့ဖြစ်လာရတယ်...သူကပျင်းလို့ဒီအတိုင်းမနက်စာကူလုပ်ပေးခဲ့ရုံပါ...အိမ်မှာလည်းသူလုပ်နေကျဖြစ်သလို...ယခုတွင်လည်း အိမ်တော်ထိန်းကမလုပ်ဖို့တားသည်ကိုပင် သူအတင်းလုပ်ခဲ့တာ...လုပ်ရဲရင်ခံရဲရမှာပေါ့ taehyung ရာ......

"Jung...Jungkook...သူတို့ကမလုပ်ခိုင်းပါဘူး...ငါကပျင်းလို့ကူလုပ်လိုက်တာပါ....သူ...သူတို့အပြစ်မဟုတ်ပါဘူး"

"နောက်တစ်ခါအဲ့လိုမျိုးတွေမလုပ်နဲ့ ငါမင်းကိုလက်ထပ်မယ်လို့ ဆုံးဖြတ်လိုက်ကတည်းက မင်းအဖေတုန်းကလိုပဲ မင်းကိုထားမှာ မင်းလုပ်ချင်ရင်ကိုယ့် ခန္ဓာကိုယ်ကိုသာဂရုစိုက်ပြီး စာအုပ်ဖတ်နေ"

You're my Luna ( Complete )Where stories live. Discover now