Unicode
"ဒီမှာကြည့် ဆိုင်ကလူစည်ကားတဲ့နေရာမှာမို့ ဆိုင်ရောင်းမကောင်းမှာစိတ်မပူနဲ့"
"အင်းးးးနေရာလေးကိုတော့သဘောကျပါတယ် ဒါပေမဲ့ အပြင်အဆင်က.."
"အဲ့တာကြောင့်ခင်ဗျားကိုခေါ်လိုက်တာလေ ခင်ဗျားဇီဇာကြောင်တာသိလို့ ခင်ဗျားအကြိုက်ပန်းနုရောင်အဖျော့ကို ကျွန်တော်ဆေးဆိုးထားတာ"
"F**k! ငါပန်းရောင်ကြိုက်တယ်လို့မင်းကိုဘယ်သူပြောလဲ"
"ခင်ဗျားဆံပင်က ပန်းရောင်ကြီးလေ"
"Seriously(-_-)?......"
အခုသူက ငါ့ဆံပင်ပန်းရောင်ဖြစ်နေလို့လို့ပြောလိုက်တာလား မဖြစ်တော့ဘူး နောက်တစ်ခါ အမဲပြန်ဆိုးမှပါ....
"ဒါနဲ့ငါမင်းထက်ကြီးတယ်သိလား!"
"အင်!ဘာကြီးတာလဲ"
"အသက်!အသက်!ပြီးတော့ ငါမင်းထက်ရှည်တယ်"
"ဘာ!!"
အနှောင့်အသွားမလွတ်တဲ့ hoseok စကားကြောင့် jimin ခေါင်းမီးတောက်သွားတယ် ငါက alpha တစ်ကောင်ပါ ဒီ beta လေးကငါ့ထက်သာတယ်တဲ့လား....
"ငါပြောတာအရပ်ကိုပြောတာ...ငါမင်းထက် ၁ နှစ်ကြီးပြီ မင်းထက် 2 cmပိုရှည်တယ်"
'အင်းးalpha တွေအရပ်မြင့်မြင့်ဒေါင်ကောင်းကောင်းနဲ့ခွန်အားဗလပြည့်စုံတယ်ဆိုတာ park jimin ကချို့ယွင်းချက်ဖြစ်ခဲ့ပုံပဲ'
(တို့ တိုတိုကိုပြောရက်လိုက်တာ တိုတိုကတို့ထက်တော့ရှည်တယ်)"အဲ့ဒီတော့?"
"ဘာကိုအဲ့ဒီတော့လဲ hyung လို့ခေါ်ပေါ့"
သူ့ရှေ့ကနှုတ်ခမ်းလေးဆူလာတဲ့ သူ့ထက် ၁ နှစ်ငယ်တဲ့ alpha ပေါက်စလေးအားကြည့်ကာ သူအူမြူးနေရတယ်...jimin ကသေချာကြည့်ရင်ချစ်ဖို့ကောင်းသားပဲ alpha လို့ပြောရင်ယုံချင်စရာတစ်စက်လေးတောင်မရှိဘူး...သူသာစကားပြောတာကန့်လန့်မဟုတ်ရင် ဒီထက်တောင်ချစ်ဖို့ကောင်းဦးမှာ...မနေနိုင်မထိုင်နိုင်စွာဖြင့် alpha ပေါက်လေးရဲ့ပန်းရောင်ဆံပင်တွေကြားသူ့လက်ချောင်းသွယ်သွယ်တို့ပြေးလွှားလိုက်တယ်...အိုမို!ကောင်လေးကသူ့ဆံပင်ကိုင်တာကိုဘာမှမပြောဘူးပဲ....သူ့အတွေးနဲ့သူပြုံးကာ ပျော်ရွင်နေသော hoseok ကသူ့ရှေ့ကကြောင်ပေါက်လေးရဲ့စူးရဲတဲ့အကြည့်တွေကိုမမြင်တော့ပေ....
YOU ARE READING
You're my Luna ( Complete )
De TodoTaehyung×jungkook Jhope × jimin namjoon × jin suga × seokie (girl)