You're my Luna ( 25 )

3.2K 267 4
                                    

Unicode

       သူ့လက်အားနောက်မှချုပ်ကာ ပါးစပ်ကိုပိတ်ပြီးခေါ်သွားလျှင် hoseok အလွန်လန့်သွားရသည် ဒီနားမှာ bar ရှိတာမို့အနီးတဝိုက်တွင်လူဆိုးလူမိုက်ပေါ်သည်က ထူးဆန်းမနေပေမဲ့ တစ်ခုခုလုပ်မည်ကိုသူကြောက်ပါသည်....

"ငါ့နောက်ဘာလို့လိုက်နေတာလဲ"

          ရင်းနှီးသောအသံနှင့်ရနံ့‌ကြောင့် Jimin မှန်းသူသိလိုက်ရသည်...သူဘယ်လောက်တောင်ဒီရနံ့လေးတွေကိုလွမ်းခဲ့ရသလဲ... ရုတ်တရပ် ထိလိုက်မိသည်က သူ့ရဲ့သန်မာတဲ့ ဝမ်းဗိုက်တစ်နေရာ အဆီပိုမရှိသံမဏိလိုမာနေလျှင် hoseok လန့်သွားရသည်...တခြားလူထင်ပြီး သူ့ကိုသတ်လိမ့်မည်စိုးသော‌ကြောင့်ပါးစပ်ကိုအုပ်ထား‌သောလက်ကိုအမြန်ရိုက်ရင်းနဲ့သတိပေးလိုက်ရတော့သည်...

"ငါပါ Jimin !"

          သူ့အသံကြားမှ လွှတ်ပေး‌လိုက်လျှင် hoseok ချောင်းတဟွတ်ဟွတ်ဆိုးကာ တစ်ဖက်ကနံရံကိုမှီပြီးအသက်ဝအောင်ရှုလိုက်တယ်....

"F**k!သေတော့မလို့ပဲ"

" ဘယ်လိုဖြစ်လို့..."

       သူ့အားခေါင်းအစခြေအဆုံးကြည့်လျင် Jimin ကြောင်တောင်တောင်လေးသာပြန်ကြည့်မိသည်...

" မင်းကကော ဒီ bar ကိုဘာလာလုပ်တာလဲ!"

       Hoseok အမေးကြောင့် Jimin အောင့်သက်သက်နိုင်ကာ ဘာဖြေလို့ဖြေရမှန်းပင်မသိတော့ပေ...သူအခု hoseok နောက်ကို stalk နေတာမဟုတ်လား...

"ဘာလဲ ဒီနေရာက hyung ပဲလာလို့ရတယ်လို့ ဘယ်သူ‌ပြောလဲ"

        Jimin စကား‌ကြောင့် hoseok မျက်ခုံးပင့်ကြည့်လို့လာတယ်....

"မင်း...ငိုထားတာလား!"

" ကျွန်တော်ဘယ်မှာငိုလို့လဲ!"

        ရှက်ရမ်းရမ်းကာပြောနေသော Jimin ကိုကြည့်ရင်း hoseok ဖက်လိုက်တော့ Jimin ကအံ့ဩသွားဟန် တောင့်တောင့်လေးဖြစ်လို့...

"ငါ..ငါတောင်းပန်ပါတယ် Jimin ငါ..ဝန်မခံချင်ပေမဲ့...ငါမင်းမရှိဘဲမနေနိုင်ဘူးထင်တယ်...ဒီ ၂ ရက်အတွင်း မနက်အိပ်ရာကနိုးတာနဲ့ ငါမင်းအကြောင်းစဉ်းစားတာကိုမရပ်တန့်နိုင်သလို မင်းကိုအရမ်း‌တွေ့ချင်နေခဲ့တာ..."

You're my Luna ( Complete )Where stories live. Discover now