You're my Luna ( 23 )

3.3K 279 7
                                    

Unicode

         ရုံးခန်းထဲအလုပ်လုပ်နေတုန်း သူ့ရဲ့အတွင်းရေးမှူး Orlan က တံခါးအမြန်ဖွင့်ကာအလောတကြီးပြေးလို့လာတယ်...

"သ..သခင်!Mr. Park ကပြောတယ် Karmarya shopping mall ကဒုတိယထပ်အိမ်သာကိုအမြန်လာခဲ့ပါတဲ့ သခင်လေး Kim heat ဝင်နေပါတယ်တဲ့!"

      Heat ဝင်နေတယ်ဆိုတဲ့စကားကြောင့် jungkook ချက်ချင်း taehyung ရှိရာ shopping mall သို့အပြေးသွားတော့သည်...shopping mall..ဒီလောက်လူများတဲ့နေရာမှာမှ... ကျစ်!..

       Taehyung စိတ်နဲ့သာအ​​ပြေးလာတဲ့ jungkook က jimin ရှိရာသို့မည်သို့မည်ဖုန်ရောက်သွားသည်မသိ...အိမ်သာရှေ့မှာစောင့်နေတဲ့ jimin က သူ့ soul ကိုလွှတ်မထွက်အောင်မနည်းထိန်းနေရဟန် မျက်ဝန်းများက သွေးဆာနေတဲ့ သားရဲ တစ်ကောင်လိုနီရဲလို့နေသည်...အိမ်သာအပြင်ဘက်ထိပင်ရနေသော ချိုမြိန်တဲ့ phromones ရနံ့များကြောင့် jungkook..Orlan ဆီက တားဆေးတောင်းကာ အိမ်သာထဲဝင်လိုက်တော့သည်...အိမ်သာထဲရောက်သည်နဲ့ အလုံးအရင်းရလာတဲ့ phromones ရနံ့တွေ hoseok က taehyung အင်္ကျီအိတ်တွေထဲ တားဆေးရှာနေဟန်...hoseok ကိုအပြင်ထွက်ခိုင်းကာ ပြန်ခိုင်းလိုက်တော့ hoseok ကစိတ်မချဟန်ကြည့်လာသည်....

"မင်းဘာလို့အခုထိမထွက်သေးတာလဲ.."

     Jungkook ကဒေါသထွက်ဟန်ပြောမှ hoseok လည်းကြောက်ကြောက်နဲ့ထွက်လိုက်ရသည်...jungkook ချက်ချင်းရောက်လာ၍ တော်သေးသည်ဆိုရမယ်...မဟုတ်ရင် taehyung ဘဝကမတွေးရဲစရာပင်...

      Omega Phromones တွေအမြောက်အများပြန့်နေသောထိုအခန်းထဲ jungkook စိတ်မလွတ်အောင်မနည်းထိန်းနေရသည်...သူ့ရဲ့ phromones ရနံ့ကိုစထုတ်လိုက်သည်နဲ့ Omega phromones တွေကအားပိုပြင်းလာကာ သူ့ကိုတိုက်ခိုက်ကြသည်...ထင်းရူးရနံ့ကိုအမြောက်အများထုတ်လွတ်ရင်း ခဏအကြာမှာတော့ Phromones တွေကရောနှောကာ ပေါင်းစပ်စီးဆင်းသွားတော့သည်...Taehyung အစကနာကျင်ကာကြောက်ရွံ့နေပေမဲ့ သူရင်းနှီးနေတဲ့ phromones ရနံ့က သူ့နာကျင်မှုကိုသက်သာလာစေသလို ထို ရနံ့ကိုဒီထက်ပင် ပိုပိုလိုချင်လာသည်...သို့သော် jungkook မဟုတ်ခဲ့လျှင်ဆိုတဲ့စိတ်ကြောင့် သူ့ရဲ့မရှိမဲ့ရှိမဲ့အသိစိတ်လေးနဲ့တင်းခံနေငှား အသိစိတ်ဟာ တစ်ချက်တစ်ချက်လွတ်ထွက်ချင်နေသလိုပင်ခံစားရသည်... ရင်းနှီးနေတဲ့ ထင်းရူးဆီရနံ့ phromones ကြောင့် taehyung အနည်းငယ်စိတ်ချလို့လာတယ်..သူသိတယ် ဒါက jungkook ရဲ့ Phromones ရနံ့ဆိုတာ..မသေချာပေမဲ့ အနံ့ပြင်းပြင်းယောက်ျားဆန်တဲ့ ထင်ရူးဆီရနံ့က သူတစ်ခါရဖူးတဲ့ သူရင်းနှီးနေတဲ့ Phromones ရနံ့တွေဆိုတာတပ်အပ်ပြောနိုင်တယ်...တစ်ကိုယ်လုံးပူထူကာ သူ့ရဲ့လည်ဂုတ်အနောက်ကလည်းအတော်ယားယံလာတော့သည်...

You're my Luna ( Complete )Where stories live. Discover now