You're my Luna ( 1 )

6.2K 522 2
                                    

Unicode

"Omma ဘယ်သွားမို့လဲ"

အလွန်ချစ်စဖွယ်ကောင်းသောအသက် ၆ နှစ်ကလေးလေးတစ်ယောက်....

"Omma ကဟိုးးဘက်ကိုသွားမှာ"

"သားသားလည်းလိုက်ချင်တယ်"

ကလေးလေးရဲ့စကားမှာအမေဖြစ်သူဟာ မျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာတော့သည်....သို့သော်သူ့ကလေးလေးမမြင်စေရန် ကလေးလေးအားနောက်ဆုံးအကြိမ်အဖြစ်တင်းကြပ်စွာဖက်လိုက်သည်....

"Omma မရှိလည်း ကောင်းကောင်းကြီးလာရမယ်နော်"

"ဘာလို့လဲ"

"ဘာလို့ဆို omma ကသားကိုချစ်လို့ သားလည်း omma ကိုချစ်ရင် ကောင်းကောင်းကြီးပြင်းလာရမယ်လို့ကတိပေး"

မိခင်ဖြစ်သူရဲ့စကားအားထိုကောင်လေးက ဝမ်းသာအားရ ကတိပေးခဲ့လေတယ်....

"သားသားကောင်းကောင်းကြီးပြင်းလာပါ့မယ်"

မိခင်ဖြစ်သူက နဖူးတစ်ချက်နမ်းကာ ထွက်သွားပြီးနောက် ကလေးလေးဟာထိုနေရာတွင်သာ မိခင်ဖြစ်သူပြန်လာမည်ကိုရပ်စောင့်နေခဲ့လေတယ်....မနက်မှနေ့လည် နေ့လည်မှညနေ ညနေမှည အထိ ထိုကလေးလေးဟာမိခင်ဖြစ်သူအားရပ်စောင့်နေခဲ့တယ်....အိမ်ထိန်းတော်ကြီးကသူ့အားလာခေါ်သော်လည်းသူမလိုက်ပေ...ရုတ်တရပ်သူ့နှလုံးသားဟာအောင့်သက်လာခဲ့သလို သူ့ရဲ့မျက်ဝန်းလှလှများကမျက်ရည်များစီးကျလာတော့သည်...သို့သော်ဘာကြောင့်မှန်းထိုကလေးလေးမသိပေ........

"သား အိမ်ပြန်ရအောင်"

ထိုနေ့ကအဖေဖြစ်သူဟာထူးဆန်းစွာသူ့အားစကားစပြောခဲ့သည်....အဖေ့ဖြစ်သူရဲ့စကားအားသူမလိုက်နာချင်သော်လည်း ကြောက်ရသည်မို့ အထွန့်မတက်ဘဲသာလိုက်လာခဲ့ရသည်....ဟုတ်တယ်...သူ့အဖေကအရမ်းအေးစက်တယ် ဒါကြောင့် သူနဲ့သူအဖေက ငယ်ငယ်ကတည်းကပင်အခုချိန်စကားကောင်းကောင်းမပြောဖူးသေးပေ...သူဟာအမေ့ကိုပိုခင်တွယ်ပါသည်...အဖေ့ကိုတော့ချစ်ကြောက်ရိုသေပေါ့....ရက်တွေလတွေနှစ်တွေပြောင်းလဲလာတဲ့အချိန်မှာတော့ သူ့အမေဟာထွက်သွားပြီးဘယ်တော့မှပြန်လာတော့မည်မဟုတ်သည်ကိုသိရှိလာရသည်...အေးစက်တဲ့အဖေရဲ့အမိန့်တွေအောက်မှာသူဟာရှင်သန်လာခဲ့ရသည်....

You're my Luna ( Complete )Where stories live. Discover now