You're my Luna ( 16 )

3.1K 302 1
                                    

Unicode

    မှောင်မဲနေတဲ့အခန်းထဲ ပြတင်းပေါက်ကိုဖွင့်ထားကာ လရောင်ရှိရာဖက်ကိုမျက်နှာမူ၍ထိုင်နေသောကောင်လေးတစ်ယောက်...ဒီနေ့က သူ့မွေးနေ့ မျက်စိရှေ့မှာချထားတဲ့ ကိတ်အသေးလေးပေါ်က ဖယောင်းတိုင်ကိုမီးညှိလိုက်တယ်... အရင်နှစ်တွေတုန်းက သူချစ်ရတဲ့သူတွေသူဘေးမှာအတူကျင်းပပေးခဲ့ပေမဲ့ အခုတော့သူတစ်ယောက်တည်းပဲ...12 နာရီတိဖို့ 5 mins လိုသေးတယ်...ရုတ်တရပ် ဖုန်းသံကြောင့် သူစိတ်ရှုပ်သွားရသည်...ဘောင်းဘီအိတ်ကပ်ထဲကတုန်ခါနေတဲ့ဖုန်းကိုထုတ်လိုက်တော့ Park Jimin တဲ့....

      အင်းးး jimin သူရဲ့ရင်းနှီးမြုပ်နှံသူ ​သူ့ရဲ့သူငယ်ချင်းအသစ်ပေါ့...

"ဘာလဲ jimin"

        Jimin ကတရင်းတနှီးနှုတ်ဆက်စေတာကြောင့် သူလည်းထိုအတိုင်းသာခေါ်မိတော့သည်....

"အလုပ်ကိစ္စ??"

     တစ်ဖက်ကအသံကြောင့် hoseok စိတ်ညစ်သွားတယ်..မွေးနေ့လေးတစ်ယောက်တည်းဆွေးချင်တာတောင် ဆွေးခွင့်မရှိ အေးပေါ့လေ မကြာခင်သူကလုပ်ငန်းပိုင်ရှင်ကြီးဖြစ်တော့မှာပဲကို နောက်မှပဲ Party အကြီးကြီးချပြီး ကောင်မလေးတွေနဲ့ပျော်ပါးပစ်မယ်...အခုတော့.. ဖယောင်းတိုင်မီးကိုငြိမ်းရင်း သူထလာလိုက်သည်...

       အပြင်ကုတ်အင်္ကျီကိုအမြန်ဝတ်ရင်း အနီးအနားက cafe ဆိုင်ကိုသူသွားလိုက်တယ်...အခုချိန်မှ ဘာအလုပ်ပြောချင်နေသလဲမသိပေမဲ့ တစ်ဖက်က အလုပ်ကိစ္စပြောစရာရှိတယ် cloud cafe ကိုလာခဲ့! ဆိုပြီးတစ်ချက်မိန့်တော့ သူ့မှာသွားရပြန်တယ်...ညဘက်ဖြစ်တော့ လူတွေကရှင်းနေတယ်...cafe ကဆိုင်မပိတ်သေးပေ...အထဲကိုဝင်ကြည့်မိတော့ ရုတ်တရပ်မီးပြတ်သွားတယ်...လူကထိတ်ခနဲပဲ သူလာမှမီးကပြတ်သွားတာလေ..ဆိုင်ထဲကလူတချို့ကအလုပ်ရှုပ်သွားတယ်...ခုံလွတ်တွေအများကြီးမို့နေရာတစ်ခုမှဝင်ထိုင်ရင်းစောင့်လိုက်တယ်...ခဏအကြာ မီးဖိုချောင်ဖက်က မွေးနေ့သီချင်းဆိုကာထွက်လာတဲ့လူတစ်ချို့...ရှိတဲ့လူအနည်းငယ်ကလည်းအာရုံကျသွားသလို သူလည်းအာရုံကျသွားတယ်...အမှောင်ထဲမှာမို့လူကိုသေချာမမြင်ရပေမဲ့ အနီးသို့လာလေ ပီပြင်လာတဲ့လူဟာ သူ့ရဲ့....

You're my Luna ( Complete )Where stories live. Discover now