Unicode
"ဒီနေ့မင်းသွားတွေ့အုံးမှာလား?"
"တွေ့ရမှာပေါ့ ငါ့သူငယ်ချင်းပဲကို"
ဆက်မေးမယ့်မေးခွန်းတွေကို ခဏရပ်ထားလိုက်သည် သူပြောလိုက်တာနဲ့ ယောင်းဟိုကသူ့ကိုစိတ်ဆိုးနိုင်သည်လေ ။
"အေးပါ ကားပါတယ်ဟုတ်? ဒါဆိုငါပြန်နှင့်မယ်"
သူ့ကိုမေးငေါ့ပြလာတဲ့ ယောင်းဟိုကိုကြည့်ရင်းသက်ပြင်းတို့ကိုကွယ်ရာကျမှချမိသည် ။
တက္ကသိုလ်ကျောင်းသာတွေပင်မယ့် ချမ်းသာသောမိသားစုကမွေးဖွားလာသူတွေမလို့ အထွေအထူးစာကိုမလုပ်ကြ ။
ထိုထဲတွင်သူနဲ့ ယောင်းဟိုလဲအပါအဝင် ကျောင်းတွင် ဒိုယောင်းနဲ့ယောင်းဟို ဆိုပြီးသူတို့နှစ်ယောက်က နာမည်ကြီးလေသည် ။
အထူးအခြားတော့မဟုတ် လူချမ်းသာ သားသမီးဖြစ်ပြီး ရုပ်ရှည်လဲအသင့်အတင့်ရှိကြတာကြောင့် ကျောင်းသူတွေရဲ့စိတ်ဝင်စားခြင်းကိုခံရတာ ။
သို့ပင်မယ့် လွန်ခဲ့တဲ့ ၂ လကပင်ယောင်းဟိုတစ်ယောက် ထူးထူးခြားခြား ဖြစ်သွားခဲ့သည် ။
သူ့အမေနဲ့အတူ ရန်ပုံငွေလှူရာလိုက်သွားရင်း ထိုစွန့်အ နားမကြားဂေဟာ ကကောင်လေးတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်တယ်တဲ့လေ ။ယောင်းဟိုဆိုတာ တော်ရုံတန်ရုံလူဆို သူမခင်ချင်ရင်တခြားမပြောနဲ့လှည့်ကြည့်ဖို့တောင်မအားတဲ့သူ ။ ထိုကောင်လေးနဲ့ခင်လာပြီးထဲက ဒိုယောင်းနဲ့လဲ အပြင်သိပ်မသွားပါပဲ နေ့စဉ်ထိုကောင်လေးရှိရာသို့သာ ခြေဦးလှည့်နေတက်သည် ။
ဒါကို ဒိုယောင်းသိပ်မကြိုက်ပါ ။ ဘာကြောင့်ဆို ယောင်းဟိုကသိသိသာသာကို ထိုကောင်လေးအား စိတ်ဝင်စားနေတာ သူ့အမြင်ပဲမို့ ယောင်းဟိုတို့မိသားစုကဒါကိုသိရင်လက်ခံမှာမဟုတ်တာ ဒိုယောင်းကောင်းကောင်းသိ၏ ။
အခုလဲထိုကောင်လေးဆီသွားဖို့ အချိန်ကိုစောင့်နေရင်းပြုံးပြုံးကြီးကျန်ခဲ့တာသူအမြင်ပဲလေ။
...............................
"ဂျယ်ဟွန်းနီး???"
နောက်နေခေါ်သံကြောင့် လုပ်နေလက်စ ပန်းပုရုပ်လေးအားဘေးချကာ ကြည့်လိုက်သည် ။