Lover (JaemRen)

478 40 2
                                    

Unicode

စာမေးပွဲ မဖြေခင်ကျောင်းဝန်းထဲမှာ ကျောင်းသားအများစုဟာ ရှိနေကြသည် ။ တချို့ကစာကိုကျက်ရင်း တချို့ကစကားများကြသည် ။

သူကတော့ရမ့်ကိုကြည့်ရင်းစာကျက်တာလဲမရှိသလို သူများတွေလိုလဲစကားများမနေဘူး ။
ဒီအတိုင်းလေးရမ့်ကိုကြည့်နေတာ...

"မင်း စာမေးပွဲကျမှာမကြောက်ဘူးလား?"

ရမ်ကစိတ်ရှုပ်သလိုမျိုး သူ့ကိုကြည့်ရင်းဆိုလာသည် ။

"ဘာလို့လဲ??"

"ငါ့မျက်နှာမှာစာတွေမရှိဘူးနော် ! အဲ့လောက်ကြည့်ချင်ရင် ပုံတွေကူးပြီးအိမ်မှာကပ်ထားပြီးရင်အဝထိုင်ကြည့်!"

"တကယ်နော်?"

"ဪ!!! ရွဲ့ပြောတာ ရွဲ့ပြောတာ"

ရမ်ကသူ့လိုမဟုတ်ဘူး အင်း... နဲနဲစာကြိုးစားတယ်ပဲပြောရမလား ဒါပေမယ့်တခါတလေ ရမ်စာမလုပ်တဲ့အချိန်တွေရှိပါသည် ။

သူကအိမ်မှာရော ကျောင်းချိန်မဟုတ်တဲ့အားလပ်ချိန်တွေမှာပါ ဂိုက်အပြည့်ဆရာအပြည့်နဲ့ စာကိုလုပ်ရတဲ့သူမျိုး အဲ့တာကြောင့်ကျောင်းမှာလုပ်စရာမလိုသလို စာမေးပွဲအတွက်လဲ ရင်ခုန်ရမယ့်သူမဟုတ်နေဘူး ။

"မင်း ငါ့ကိုထိုင်ကြည့်နေလို့စာတွေမရဘူးနော် ဖြေတဲ့အခန်းထဲရောက်မှ အဖေကယ်ပါအမေကယ်ပါ မလုပ်နဲ့!"

တကယ်တမ်းတော့ ရမ်ပြောနေတာသူ့အတွက်ဆိုတာ သိပါသည် ။ အထက်တန်းစီနီယာသမားတွေအဖို့ စာမေးပွဲဆိုတာ လူသတ်ကွင်းလိုပဲ အမှားတစ်ချက်ပါသွားတာနဲ့ တစ်ဘဝစာ ကောင်းစားဖို့ လမ်းမမြင်နိုင်တော့ပေ ။

ဒါကြောင့်သူ့ကိုအရင်နေ့တွေကနဲ့မတူပဲဟောက်နေတာ ။ အဲ့တာလေးတွေကိုလဲ သူ့မှာမြတ်နိုးရပါသည် ။

"ငါကအိမ်မှာလဲကျက်လာသေးတယ်"

"အေးပါ ပြီးတော့မှနော် အမှတ်မကောင်းလို့အော်ငိုရင်ငါ့ကြောင့်မဟုတ်ဘူး ဟင်း!!"

••••••

အထက်တန်းစီနီယာသမားတွေအောင်စာရင်းထွက်တော့မှတကယ်တမ်းငိုချတာ ရမ် ဖြစ်သည် ။

NCT One Shots Where stories live. Discover now