You&Me (NoRen)

448 37 2
                                    

Unicode

ဗလာကျင်းနေတဲ့အခန်းကိုတွေတွေ ငေးကြည့်နေရင်း Renjun မျက်ရည်တို့ ကျမိသည် ။ ငိုရလွန်းလို့ ခေါင်းတွေလဲကိုက်နေပြီ ။

ဘဝမှာသူ တစ်ခါ...တစ်ခါလောက်တော့ချစ်ကြည့်ခဲ့ဖူးချင်သည် ။ နှစ်နှစ်ကာကာနဲ့ကိုချစ်မိခဲ့တော့လဲ နှစ်နှစ်ကာကာ ကိုမေ့ပစ်ချင်လောက်အောင်အထိ နာကျင်ခဲ့ရပြန်သည် ။

အသက်ရှုမဝတော့တဲ့အထိ ငိုပစ်လိုက်ပြီးမှ ထိုနေရာလေးမှာသူခွေခွေလေးအိပ်ပစ်လိုက်သည်
မနက်ဖြန်ကျရင်အရာအားလုံးအဆင်ပြေသွားမှာပါ ဒီစကားလုံးလေးနဲ့သူ့ကိုယ့်သူနှစ်သိမ့်တယ် ။

သူချစ်ခဲ့တဲ့သူအမြဲပြောနေကျစကားလေးတစ်ခွန်းရှိသည် 'မနက်ဖြန်ကျရင်အရာအားလုံးအဆင်ပြေသွားမှာပါ' တဲ့လေ ။

                                ~ ~ ~

"ဂျဲနို မင်း ရမ်ဂျွန်းဆီမသွားတော့ဘူးလား"

"ငါသွားတော့ဘာထူးခြားသွားမှာလဲ ဟယ်ချန်း ဘာမှမပြောင်းလဲသွားနိုင်ဘူး"

နေ့စဉ်သူ့အိမ်လာကာ ရမ်ဂျွန်းကိုနှစ်သိမ့်ရင်း ဂရုစိုက်ပေးရန် ဟယ်ချန်းကအပူကပ်လေ့ရှိသည် ။

"မဟုတ်သေးဘူးလေ အနည်းဆုံးတော့သူမင်းကိုမြင်ရရင်အခုလိုဖြစ်နေတာတွေ နဲနဲသက်သာသွားမယ်ထင်တာပဲ"

"ငါသူ့ကိုပျော်ရွှင်အောင်မလုပ်ပေးနိုင်ဘူး အဓိကကဘာလဲသိလား? ငါသူ့ကိုမချစ်ပေးနိုင်သ၍သူမပျော်နိုင်ဘူး"

"အခု ရမ်ဂျွန်း ဆေးသမားဖြစ်တော့မယ် အဲ့တာသိလား!!!"

ဟယ်ချန်းရဲ့အော်သံတွေဟာ သူ့တစ်အိမ်လုံးကိုပျံ့နှံ့သွားတယ် ။ အဲ့ဒီလိုပဲ သူရဲ့အတွေးတွေဟာလဲပျံ့နှံ့သွားတယ် ။ ရမ်ဂျွန်းကဆေးတွေတောင်သုံးတက်နေပြီလား?

"ငါပြောမယ် ဂျဲနို သူအခုအခြေအနေအရမ်းမဆိုးသေးဘူး ဒီ့ထက်မဆိုးအောင်တော့ မင်းကူညီပေးနိုင်ပါတယ် ငါလာတောင်းဆိုတာပါ မင်းသူ့ကို ချစ်သူလိုမဟုတ်ရင်တောင် မင်းရဲ့သူငယ်ချင်းတစ်ယောက်အနေနဲ့စောင့်ရှောက်ပေးလို့မရဘူးလား"

                              ~ ~ ~

လာနေကျတိုက်ခန်းလေးရဲ့အခန်းလော့နံပါတ်ဟာ အခုချိန်ထိကိုသူ့မွေးနေ့ကနေမပြောင်းလဲသေးပါ ။

NCT One Shots Where stories live. Discover now