Unicode
"ရမ်ဂျွန်း!"
အခန်းတံခါးကိုခေါက်နေသော်လည်းပြန်မထူးလာတာကြောင့် တံခါးကိုဖွင့်လိုက်တော့ ကုတင်ပေါ်တွင် ကွေးကွေးလေးနဲ့စောင်ပုံထဲကရမ်ဂျွန်းကို တွေ့လိုက်သည် ။
"ရမ်ဂျွန်း? ၁၀:၀၀ ကျော်နေပြီ မထသေးဘူးလား!"
လွန်ခဲ့တဲ့ တစ်ပတ်လောက်ထဲကဆက်ဆံရေးအဆင်ပြေလာတဲ့သူတို့နှစ်ယောက်ဟာ မနက်စာအတူစား,နေ့လယ်စာလဲအတူစား,ညစာလဲအတူစားရင် အဆင်ပြေလာကြသည်ဖြစ်တယ် ။
မနိုးတဲ့ရမ်ဂျွန်းကိုအရှေ့ကနေကြည့်ရင်းအသဲယားစွာပါးကိုဆွဲလိုက်တော့မှ ကိုယ်တွေပူနေတာ သတိထားမိ၏ ။
"ရမ်ဂျွန်း? ထပါအုံးကိုယ်တွေပူနေတယ် မင်းဖျားနေပြီ"
ခန္ဓာကိုယ်လေးအားပွေ့ယူလိုက်တော့မှအသင့်ပါလာ၍ရင်ခွင်ထဲကနေညည်းညူနေ၏ ။
"မဖြစ်သေးပါဘူး ငါရေဖတ်တိုက်ပေးမယ် ပြီးရင် ဆန်ပြုတ်သောက်ပြီး ဆေးသောက်လိုက်နော်"
သူပွေ့ထားတဲ့ရင်ခွင်ထဲကနေ ခေါင်းကိုခါနေ၏
"မသောက်ဘူး ငါဆေးမကြိုက်ဘူး"
"ချိုအောင်လုပ်ပေးမယ်နော် လောလောဆယ်တော့ရေဖက်တိုက်ရအောင်"
ကိုယ်ပေါ်ကအဝတ်အစားတွေဖယ်လိုက်သည်နှင့်ဖြူဖြူဖွေးဖွေး အသားရည်နဲ့ရမ်ဂျွန်းကိုယ်လေးကသူ့ကို အနဲငယ်အပူချိန်မြင့်စေသည် ။
ရေဖက်တိုက်နေရင်း လက်ဖျံကိုကြည့်မိတော့ ဂျဲနို ဘုရားတမိသည် ။
အမာရွတ်များစွာနဲ့ရမ်ဂျွန်းလက်ကကြည့်လိုက်တာနဲ့သူ့ကိုသူဘာလုပ်ထားတယ်မှန်းသိသာ၏ ။ထိုအမာရွတ်များကိုကြည့်ရင်းဂျဲနိုရင်ဘက်ထဲစူးကနဲ
"ငါတောင်းပန်ပါတယ် ရမ်ဂျွန်း မင်းလက်ဖွေးဖွေးလေးတွေမှာ ဓားရာတွေထင်းကုန်ပြီ အဲ့တာငါ့ကြောင့်ပါ"
အဖျားကြောင့်အိပ်မောကျနေဆဲရမ်ဂျွန်းကတော့သူပြောတာကိုကြားမည်မဟုတ်ပေ ။
~ ~ ~
ဆေးတိုက်ရုံနဲ့အဖျားမကျသည်မလို့ အနီးနားရှိဆေးရုံသွားကာ ဆရာဝန်နဲ့ပြလိုက်မှ ရမ်ဂျွန်းသက်သာသွား၏ ။
