Unicode
အပေါ်ထပ်ကနေဆင်းမလာသေးသော ဂျဲနို ကိုစိတ်မရှည်တဲ့အဆုံးတက်ခေါ်ဖို့ပြင်လိုက်သည်
အခုရက်ပိုင်း အိမ်အကူအဒေါ်ကြီးမရှိတာနဲ့ ဂျဲနိုအိမ်တွင်ဂျယ်မင်း ထမင်းချက်ကာ သန့်ရှင်းရေးသွားလုပ်ဖြစ်သည် ။
ဂျဲနို ကတားသော်ငြားလည်း သူကတော့လုပ်ပေးချင်သည် ။
*knock knock*
"ဂျဲနို မပြီးသေးဘူးလား? ရုံးနောက်ကျတော့မယ်နော်"
အထဲကဘာသံမှလဲမကြားရသလို ဘာမှပြန်မပြော
"အီဂျဲနို! မြန်မြန်လုပ်လို့ ထမင်းတွေအေးကုန်တော့မယ်"
"မင်းပြန်မထူးရင်ငါဝင်လာတော့မယ်နော်!"
စိတ်မရှည်တဲ့အဆုံးဂျယ်မင်းဝင်ကာသွားလိုက်သည် ။ ကုတင်ပေါ်တင်ထားတဲ့ suit ကလွဲလို့ ကျန်တာမတွေ့ ။
"ဂျယ်မင်း?"
အနောက်ကနေပေါ်လာသော ဂျဲနို ဟာရေချိုးပြီးခါစ ဖြစ်ပြီးအပေါ်ပိုင်းကိုတစ်ဘတ်နဲ့ပတ်ထားသည် ။
ရေစိုနေတဲ့ဆံပင်တို့ကလဲကြည့်ကောင်းလျှက်ရှိသည် ။တခါမှမမြင်ဖူးသော ဗိုက်ကကြွက်သားတွေကိုတွေ့တာနဲ့ ဂျယ်မင်း အလျင်အမြန်ပဲ အခန်းထဲကနေထွက်ဖို့လုပ်လိုက်တယ် ။
"မီယမ်း မီယမ်း!! ငါတံခါးခေါက်ပါသေးတယ် သွားလိုက်အုံးမယ်နော်"
"ဟေ့!! ဒီလိုဘယ်ရမလဲ?"
လက်ကောက်ဝတ်ကနေဆွဲထားတာကြောင့် သွားမယ့်နေရာတင် ဂျယ်မင်းကရပ်နေ၏ ။
"တံခါးမခေါက်ပဲဝင်လဲဘာမှမဖြစ်ပါဘူးကွ!"
"ဟို..ထမင်းကျက်နေပြီလာပြောတာပါ ရုံးလဲနောက်ကျတော့မယ်လို့"
ဂျယ်မင်းအပြောတွင်တော့ ဂျဲနိုကသူ့တစ်ကိုယ်လုံးအားကြည့်လာသည် ။
"ဟုတ်သားပဲ မင်းက apron ဝတ်ထားတော့ အိမ်ကအမျိုးသမီးလိုပဲ"
"ဘာ!"
"ကိုယ်တို့နှစ်ယောက်အခြေအနေက လင်မယားတွေနဲ့မတူဘူးလား? မင်းကအိမ်မှု့ကိစ္စလုပ်ပေးတယ် ကိုယ်ကအိမ်ထောင်ဦးစီးနဲ့တူတယ်"