Halloween (LuWoo)

499 35 2
                                        

"Kim Jungwoo သကြားလုံးတွေထည့်ပြီးပြီလား"

မေမေ့ရဲ့အသံအဆုံး ခိုင်းထားတာမလုပ်ရသေးတဲ့ Jungwoo တစ်ယောက် ဆူခံရမှာဆိုးလို့ စိတ်ပူသွားတယ်။

"ဟာ မထည့်ရသေးဘူး Sera မမ နင်သွားထည့်ပေးပါလား"

"နိုး ပါ နင့်မှာလက်မပါလို့လား"

"လုပ်ပါဟာ....."

"နိုး နိုး ဒီခွက်တွေထဲ သကြားလုံးပိစိတွေထည့်ရမှာကိုနင့်မှာလဲတော်တော်ပျင်းနော်"

"နင်ခိုင်းတစ်ခုပြန်လုပ်ပေးမယ်ဟာ"

"ဟဲ့! နင်ပြောတာနော်"

"ယောင်္ကျားစကားပါ တည်တယ်"

"ပြီးတာပဲ"

ပြောပြီးတာနဲ့ Jungwoo ၏အစ်မဖြစ်သူ Sera ကမေမေခိုင်းထားတဲ့ သကြားလုံးအိတ်ကြီးထဲက သကြားလုံးလေးတွေကို အိမ်ရှေ့မှာထားရန် ပုလင်းထဲ,ခွက်ထဲများထဲသို့ ထည့်နေတယ် ။

•••••••

"Jungwoo နဲ့ Sera အားကြလား မေမေပြောစရာရှိလို့"

"Nae"

သားသမီးနှစ်ယောက်ဆီမှ ပြန်စကားရတော့မှ မေမေကစကားဆက်တယ် ။

"ဒီည မေမေ အိမ်မှာမရှိတဲ့အတွက် နှစ်ယောက်လုံးက ဂရုတစိုက်နဲ့နေခဲ့နော်"

"မေမေကဘယ်သွားမလို့လဲ"

Jungwoo ကမေးတော့

"မင်းတို့အဖေနဲ့ Date မလို့လေ ကဲပါ! ငါ့သားနဲ့သမီးက ငှက်ပျောပင်ချစ်သူ တွေဆိုတော့ မေမေရှင်းပြလဲနားလည်မယ်မထင်ပါဘူး မေမေ ခဏနေပြင်ဆင်တော့မှာ ဒီညတော့ မေမေပြင်ပေးထားတာ Oven နဲ့နွှေးစားကြနော်"

မေမေကပြောပြီး ထွက်သွားလေသည်

"ဟဲ့ မမငါတို့နှစ်ယောက်ထဲဆိုတော့ပျင်းစရာကြီး ဒီလိုလုပ်ပါလား အပြင်မှာ သကြားလုံးထွက်ယူကြမယ်လေ"

"ဟာ နင်ကလဲ အဲ့တာဆိုအိမ်ကသကြားလုံးတွေလာတောင်းရင်ဘယ်သူကပေးမှာလဲ"

"ငါတို့သယ်သွားမှာပေါ့ လမ်းမှာတွေ့တဲ့လူဝေမယ်လေ"

"ပြောရင်တော့ဟုတ်နေတာပဲ အေးပါနင့်သဘော"

NCT One Shots Donde viven las historias. Descúbrelo ahora