Unicode
နိုးစက်ပေးထားတဲ့နာရီအသံဟာ မနက်ခင်းစောစောစီးစီး ကျယ်လောင်စွာထွက်ပေါ်နေ၏ ။
ခေါင်းကဆံပင်တွေကိုထိုးဖွရင်း မထချင်လဲကုန်းရုန်းထလိုက်သည် ။
အင်တာဗျူးကိုနောက်ကျရင်ဒီတစ်ခါအလုပ်ကတကယ်မသေချာတော့ပေ ။ ဒီအလုပ်လဲမသေချာရင်နေဖို့အိမ်ရော စားဖို့ပါသူ့အဖို့ သေချာမည်မဟုတ် ။
"ဖိုက်တင်းဟယ်ရာသွဲ့!"
လူးကပ်စ်ကော ပြောနေကြအတိုင်းကိုယ့်ကိုကိုယ်အားတင်းရင်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး အိမ်ကနေထွက်လာခဲ့သည် ။
ဘတ်စ် နောက်ကျမှာစိုးလို့လဲ ပြေးရသေး၏တကယ်တမ်းတော့သူ့ဘဝလေးဟာ ပင်ပန်းလှပါသည် ။
ဒီကြားထဲ အမေရောအဖေပါယူထားတဲ့အကြွေးတွေအတွက်ဆပ်ရသေးသည် ။
နာရီကိုကြည့်မိတော့ ၈:၄၀ ဖြစ်နေပြီ အင်တာဗျူးက ၉ နာရီအတိစမှာဖြစ်သည် ။ ခပ်သွက်သွက်ပြေးရင်း လမ်းအကူးတွင် ကားတစ်စီးနဲ့ညှိပါလေရော ။
"အာ!! နောက်ကျနေပါပြီဆိုနေ"
ကားရှေ့လဲကျရတဲ့ကြားထဲ ယူလာတဲ့စာရွက်စာတန်းတွေကပါ ညစ်ပေကာ ညိုမဲကုန်၏
"ဟာ!!!! သွားပါပြီကွာ!!! အာ!!! ရှီး"
ကားပေါ်ကမောင်းသူဆင်းလာကာ သူ့အားလာကြည့်သည် ။
"ညီလေး မင်းကကွာ လမ်းကူးတာသွားတာနဲနဲပါးပါး ဂရုစိုက်ကြည့်မှပေါ့"
"ဘာဗျ! ခင်များတို့ကားကလဲတိုက်သေးတယ် တောင်းပန်မယ်မရှိဘူး ဒီမှာကြည့်ခင်များတို့ကားနဲ့ညှိလို့လဲကျတာ ကျွန်တော့စာရွက်တွေအကုန် ညစ်ပတ်ကုန်ပြီ!"
"ညီလေးကလဲလမ်းကိုကြည့်ပြီးကူးမှပေါ့ ကဲပါ အကို့သူဌေးကလျော်ကြေးပေးပါလိမ့်မယ် ဘယ်လောက်လိုချင်လဲ"
"ကျစ်! ခင်များ! ပိုက်ဆံလိုချင်မှဖြင့်တောင်းတာကြာပြီပေါ့ဗျ ဒီလိုရပ်နေစရာကိုမရှိတာ ပြီးတော့ကျွန်တော်ကမျဉ်းကနေကူးတာ အပြစ်ဆိုရင်ခင်များတို့ကိုတင်ရမှာရှင်းလား!!! အခုခင်များကြောင့်ကျွန်တော် အင်တာဗျူး နောက်ကျပြီအလုပ်မရတော့ဘူးဗျ!!!"