သီတင်းကျွတ် (Jaeyong)

430 32 0
                                    

အိမ်အပေါ်ထပ်ဝရန်တာမှထွက်ကြည့်တော့ ကလေးများက မီးပန်းလေးတွေနဲ့ဆော့နေကြကာ လူကြီးသူမ များကလဲ လမ်းလျှောက်ထွက်ကြ၍ ပျော်ရွှင်နေကြသည် ။
ဒီလိုအချိန်သူရှိရင်သိပ်ကောင်းမှာပဲ....

"ဖေဖေငိုနေတယ်"

ဘယ်အချိန်ထဲကဘေးနားရောက်နေမှန်းမသိတဲ့ သမီးဖြစ်သူ Nana ကပြောလာသည်...ဟုတ်ပါရဲ့ ပါးတစ်ဖက်တစ်ချက်ကိုစမ်းကြည့်တော့မှ မျက်ရည်များစိုစွတ်နေသည်ကိုသတိထားမိ၏ ။

"ဖေဖေဘာလို့ငိုနေတာလဲဟင်"

"ဟေ...ဪ..သမီးမအိပ်သေးဘူးလား"

"သမီး မီးပန်းလေးတွေအန်တီနုနဲ့မှာလိုက်တယ် အခုအန်တီနုလာပို့သွားပြီ ခြံထဲထွက်ဆော့ရအောင်လေ ဖေဖေ"

"အေးအေး သမီး ဖေဖေလာခဲ့မယ်နော် အောက်ကစောင့်နေ"

မူလတန်းအရွယ်ရောက်နေပြီဖြစ်တဲ့ Nana လေးက တစ်အိမ်လုံးမှာ သူအချစ်ရဆုံးဆိုလဲမမှားပါဘူး

•••••

ယောပုဆိုးကို shirt အဖြူနဲ့တွဲဝတ်ကာ လိမ်းဖီးလိုက်တော့ အသက် ၃၀ ကျော် ထယ်ယုံး ရဲ့နုပျိုမှု့က ဆယ်ကျော်သက်တွေတောင်မှီမယ်မထင် ။

ဒီနေ့က လပြည့်နေ့ သူများတွေအတွက်တော့ မထူးဆန်းပင်မယ့် ကျွန်တော့်အတွက်တော့ အရှင်လတ်လတ်ငရဲကျခဲ့ရတဲ့နေ့ဖြစ်ခဲ့ဖူးတယ် ။

〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️ 〰️
▪️▫️▪️▫️▪️▫️▪️▫️▪️▫️▪️▫️▪️▫️▪️▫️▪️

"သားဒီနေ့ ဘုရားသွားကြမှာ သားလိုက်မယ်မလား"

"မလိုက်ဘူးမေမေ အိမ်မှာနေခဲ့မလို့"

"မင်းကလဲ လပြည့်နေ့လေ ဘုရားကိုဆီမီးပူဇော်ရတယ်"

"ဟို...မလိုက်ဘူး မေမေ အိမ်ကဘုရားမှာသားပူဇော်လိုက်မယ် အန်တီနုလဲ နယ်ပြန်သွားတယ်မလား အိမ်မှာသားရှိနေတော့ကောင်းတာပေါ့"

မေမေ ကစဉ်းစားသလိုရှိပြီးမှ သဘောတူလက်ခံလိုက်တယ် ။

"ဒါဆိုလဲမေမေတို့သွားပြီ"

အိမ်ကလူတွေထွက်သွားမှ ဖုန်းကိုအပြေးကိုင်ကာ ချစ်ရသူထံဆက်လိုက်သည် ။

NCT One Shots Where stories live. Discover now