_9_ {Uni}

5.4K 487 6
                                    


၅ရက်ရှိသွား​ပြီဖြစ်သည်။ အဖမ်းခံရသည့်ညတည်းက အကျန်​တွေလို့ထင်ရသည့်အစားအစာ​တွေကိုပဲ​ကျွေးသည်။ အ​​စေခံ​တွေသည်လည်း ဖမ်းခံရသည့်ညတည်းကနှိပ်စက်ခံရသည်။ နှိပ်စက်လို့ဝလျှင် ​သွေးသံတရဲရဲနှင့်အချုပ်ခန်းထဲပြန်လာပို့သည်။

"​အားကျန့် အဆင်​ပြေရဲ့လား။ ကျဲကိုလှည့်ကြည့်ပါဦး"

အချုပ်ခန်းသုံးခန်းသည်ဘေးချင်းကပ်​ဖြစ်သည်ကြောင့် ရှစ်ကျဲသည်တိုင်ကိုမှီရင်းကြောင်​တောင်​တောင်​လေးဖြစ်​နေသည့်ရှောင်းကျန့်အားလှမ်း​​မေးသည်။

"အားကျန့် ဒီကိစ္စက အားကျန့်မမှားဘူး။ လုပ်ကြံချင်တဲ့သူရှိလို့သာအားကျန့်ကဓါးစာခံဖြစ်သွားရတာ"

"မယ်​တော်ကြီးဆီမသွားခဲ့ရင် မယ်​တော်ကြီးအဲ့လက်ဖက်ရည်ကို​​သောက်ဖြစ်မှာမဟုတ်သလို အခုလိုအဖြစ်မျိုးနဲ့လည်းကြုံရမှာမဟုတ်ဘူး"

​ရှောင်းကျန့်တကယ်စိတ်မ​ကောင်း။ သူ့​ကြောင့်မဟုတ်မှန်းသိ​ပေမယ့် သူ့အပြစ်မကင်းဘူးဟုသာခံစား​နေရသည်။ တိတ်ဆိတ်​နေသည့်အချုပ်ခန်းသည် ရဲမက်​တွေဝင်လာသည့်အချိန်တွင်တော့ဆူညံလို့သွားသည်။

"​ခေါ်ခဲ့!!"

ရှစ်ကျဲအားလက်ညိုးထိုးကာခေါင်း​ဆောင်ဟုထင်ရသည့်တစ်​ယောက်ကအမိန့်ပေးလိုက်သည်။ ရှစ်ကျဲအားဆွဲ​ခေါ်သွား​သည်​ကြောင့်ရှောင်းကျန့် တောင်းပန်​​နေမိသည်။

"ဟင့်အင်း။ မ​ခေါ်သွားနဲ့ ရှစ်ကျဲမှာအပြစ်မရှိဘူး။ မလုပ်ကြပါနဲ့!!"

"အားကျန့် ကျဲဘာမှမဖြစ်ဘူး။ သူတို့ကျဲကိုဘာလုပ်လုပ် ကျဲအမှန်တိုင်းပဲ​ပြောမှာမို့။ အားကျန့်လည်း ကိုယ်မလုပ်တဲ့ကိစ္စကိုဝန်ခံစရာမလိုဘူး"

ရှစ်ကျဲကို အတင်းဆွဲ​ခေါ်သွားကြသည်မို့ရှောင်းကျန့်​ခေါင်းခါရင်းသာ မ​ခေါ်သွားကြဖို့ငိုယိုပြီး​တောင်းပန်​နေမိသည်။ ရုတ်တရက်ပုခုံးကိုလာကိုင်သည်ကြောင့်ဘေးလှည့်ကြည့်လိုက်​လျှင် တစ်ဖက်အချုပ်ခန်းမှကျိယွင်သည် သူ့လက်ထဲပစ္စည်း​လေးတစ်ခုထည့်​ပေးပြီးမကြာလိုက်။ ခုနကရှစ်ကျဲကိုဆွဲ​ခေါ်သွားသည့်ရဲမက်​တွေပြန်ဝင်လာကာ ကျိယွင်ကိုလာ​ခေါ်ကြပြန်သည်။

Lotus Flower [Completed]Where stories live. Discover now