ep.💓19💓

16.1K 747 190
                                    

💓 ကိုကို အိမ်မှာ ငယ်ကိုတစ်ညလောက်အိပ်ခွင့်ပြုပါနော်💓

ငယ် နာကျင်နေပေမယ့်လဲ.အဲ့နာကျင်မှုတွေအကုန်လုံးကို..နာကျည်းမှုအဖြစ် ပြောင်းလဲပစ်ပြီး..ကိုကြီးကို မေ့ပစ်နိုင်ဖို့အထိ ငယ် ကြိုးစားသွားတော့မယ်။
💓💓💓

တစ်ချိန်လုံး..bossရဲ့ အကြည့်တွေက.
ထူးငယ်ဆီမှာ ..။ ထူးငယ် လုပ်နေသမျှတွေအားလုံးကို တစ်ချိန် လုံး မျက်စိဒေါက်ထောက် ကြည့်နေခဲ့တဲ့..boss ။ အထူးသဖြင့်..ထူးငယ်ဘေးနားမှာ..ရန်နိုင်ရှင်းဆိုတဲ့သူ.ရှိနေတဲ့အချိန်မျိုးမှာဆိုရင်..bossရဲ့မျက်နှာပေါ်မှာ မနာလိုမှုတွေ အူတိုမှုတွေ က အထင်းသားပေါ်လွင်နေခဲ့တယ်။ bossရယ်...bossရှေ့မှာ ထိုင်နေတဲ့ မျိုးကို နည်းနည်းလေးမှတောင် အားမနာတော့ဘူးလား။။.မျိုး bossရှေ့မှာ ထိုင်နေတယ်ဆိုတာကိုတောင်..ဂရုမစိုက်နိုင်တော့လောက်အောင်ထိကို..ထူးငယ်ကို အရမ်းချစ်တာဘဲလား..။ မျိုး သိပါတယ်..bossရင်ထဲမှာ အဲ့ကောင်စုတ်လေးဘဲ ရှိ‌နေတယ်ဆိုတာကို..။

အဲ့ဒါကြောင့်မို့လို့လဲ..မျိုး.အဲ့ကောင်လေးကို အရမ်းမုန်းနေရတာပေါ့..။
တောက်..ဘယ်လိုရေစက်မျိုးလဲ..ထူးငယ်..။ ငါက ..ငါမွေးနေ့မှာ..bossနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကျင်းပချင်နေတာလေ..။ ငါရဲ့ ပျော်ရွှင်မှုတွေကို တစ်စဆီ ရိုက်ချိုးပစ်နေတဲ့..မင်းကို..ငါမကျေနပ်ဘူး..။ မင်းကို ငါအရမ်းမုန်းတယ်..ထူးငယ်..။
မုန်းတယ်..ငါမရနိုင်တဲ့..bossဆီက အချစ်တွေကို မင်းရသွားတဲ့အတွက်လဲ.မင်းကို အရမ်းမုန်းတယ်..။
မုန်းတယ်..မုန်းတယ်..မုန်းတယ်..အား!!!....။

အလုပ်လုပ်ကိုင်နေသည့်..ငယ်ကိုကြည့်လိုက်..ငယ်ကိုဘဲ..တစ်ချိန်လုံး.လိုက်ငမ်းနေတဲ့ ဦးတိမ်တိုက်ကို ကြည့်လိုက်နဲ့..မျိုးသူ၏..ရင်ထဲ
ကမ္ဘာပျက်ကိန်း‌ဆိုက်လို့နေ၏။

အဲ့ဒီအချိန်မှာလဲ....ဟင်းပွဲများအပြည့်ထည့်ထားတဲ့ ဗန်းတစ်ချပ်ကို မနိုင်မနင်း သယ်ဆောင်လာတဲ့ ငယ်တစ်ယောက် မျိုးသူအနားကနေ ဖြတ်လျှောက်သွားဖို့ရန် အကြောင်းကဖန်လာခဲ့တယ်။

မျိုးသူက သူအနားကို တဖြေးဖြေးချင်း ရောက်လာတဲ့ ငယ်ကို ကြည့်ရင်း.လူယုတ်မာအပြုံးမျိုး တစ်ချက်ပြုံးလိုက်တယ်။ နောက်တော့..ငယ် သွားရာလမ်းမှာ..မသိမသာ မျိုးသူက ခြေထိုးခံလိုက်ပါတော့တယ်။

❤️Love and sex ❤️20+Onde histórias criam vida. Descubra agora