(ချေ စိတ်ကူးယဉ်ပြီး ရေးထားတဲ့ ဇာတ်လမ်းဖြစ်တာကြောင့်မို့..ယုတ္တိမတန်သလို ဖြစ်နေရင်လဲ သည်းခံပေးကြနော်..။)
ဇွဲထက်အနေနဲ့..ရန်နိုင်ရှင်းအစား..ဘယ်လိုမှ..သည်းခံမပေးနိုင်တော့တာကြောင့်..ငယ့်ကို ပွင့်ပွင့်လင်းလင်းဘဲ ပြောဆိုဖို့ရန်..ကော်ဖီဆိုင် တစ်ဆိုင်မှာဘဲ..ချိန်းတွေ့လိုက်တော့သည်။.
""ကိုဇွဲထက်..ငယ့်ကို ဘာများပြောစရာရှိလို့လဲ..""
""ထိုင်ပါဦးငယ်..အစ်ကိုအနေနဲ့..ဘယ်ကနေ စပြောရမှန်းမသိ ဖြစ်ေနပေမယ့်..အစ်ကို ပွင့်ပွင့်လင်းလင်းဘဲ..ငယ့်ကို ပြောမယ်နော်..""
""ဟုတ်ကဲ့..ရပါတယ်..""
""ငယ်..ရန်နိုင်ရှင်းကို..ဒီထက်ပိုပြီး ဆွဲမထားပါနဲ့တော့..ရန်နိုင်ရှင်းကို..လွတ်လပ်ခွင့်ပေးလိုက်ပါ..""
ရုတ်တရက်ကြီး..ပြောဆိုလာသည့်..ကိုဇွဲထက်၏စကားများကို..ငယ်နားမလည်။
""ကိုဇွဲထက် ဘာကိုပြောချင်နေတာလဲ..ငယ်က..ကိုကို့ကို လွတ်လပ်ခွင့်ပေးရမယ်..ဟုတ်လား..ငယ်ဘယ်တုန်းကမှ..ကိုကို့ကို ချုပ်နှောင်ထားတာမျိုး မလုပ်ဖူးဘူးနော်..""
""အင်း...မင်းအနေနဲ့..ရန်နိုင်ရှင်းကို..တိုက်ရိုက် ချုပ်နှောင်ထားတာမျိုး..မဟုတ်ပေမယ့်..သွယ်ဝိုက်ပြီး..မင်းအလိုကျ..အသုံးချနေခဲ့တာဘဲ မဟုတ်ဘူးလား..""
""ငယ်က..ကိုကို့ကို အသုံးချတယ်..""
""မဟုတ်ဘူးလို့တော့..မင်းငြင်းဖို့မကြိုးစားပါနဲ့..မင်းအနေနဲ့..ဦးတိမ်တိုက်ကို..ခံစားရအောင်..တမင်ရည်ရွယ်ပြီး.ရန်နိုင်ရှင်းကို..အိမ်ပေါ်ခေါ်တင်ခဲ့ပြီး..တမင်..ရန်နိုင်ရှင်းအပေါ်မှာ ကောင်းပြနေတာ မဟုတ်ဘူးလား...""
""အဲ့ဒါက..ကိုကိုနဲ့..ငယ် အစောကြီးကတည်းက..အပေးယူလုပ်ထားတဲ့ ကိစ္စလေ..ကိုဇွဲထက်လဲ..သိထားပြီးသားဘဲလေ.""
""အရင်တုန်းကနဲ့..အခု..မတူတော့ဘူး..ငယ်မင်းတကယ်ဘဲ..တုံးအ တာလား..ရန်နိုင်ရှင်းကအခုချိန်..မင်းအပေါ်မှာ..ခံစားချက်တွေရှိနေတယ်ဆိုတာ..မင်းတကယ်မသိတာလား..""
""ကိုကိုက..ငယ်အပေါ်မှာ ခံစားချက်တွေ ရှိနေတယ်..ဟုတ်လား..ကိုဇွဲထက်..လျှောက်ပြောမနေပါနဲ့..ကိုကိုက..ငယ့်ကို ရိုးရိုးသားသား.။ညီလေးတစ်ယောက်လိုဘဲ..သဘောထားတာပါ..""
ESTÁS LEYENDO
❤️Love and sex ❤️20+
Romance21++++++++++ အရင်ကအပျော်သဘောမျိုးနဲ့ရေးထားတာလေးပါ..။ ရေးပြီးမှ မတင်ရဲလို့ ဒီအတိုင်းထားထားခဲ့တာပါ အခုတော့ ချေရဲ့စာဖတ်သူလေးတွေ အပျင်းပြေဖတ်ရအောင်..တင်ပေးလိုက်တာပါ.. အသက်18နှစ်အောက်နင့် မိန်းကလေးများမဖတ်ကြဖို့ရန် ကြိုတင်ပြီး အသိပေးအပ်ပါသည်။ ဇာတ်ကူးယဥ...