ep.💓15💓

17.2K 588 55
                                    

""ဟန်ဆောင်ရည်းစားတွေတဲ့လားငယ်.""

ငယ်ကို ဦးတိမ်တိုက်တစ်ယောက် အိမ်သို့ပြန်လည်၍ခေါ်ဆောင်လာခဲ့သည်။
အိမ်သို့ရောက်သော်အခါ ငယ်အား..ရေမိုးချိုးပေးပြီး..အ၀တ်စားသစ်များကို ၀တ်ဆင်ပေးပြီးမှာ..အိပ်စေခဲ့သည်။ ရေချိုးပေးနေသည့်တိုင်အောင်..ငယ်တစ်ယောက်မှာ အမူးမပြေသေးဘဲ..အသိစိတ်ကလဲ ရှိတစ်၀က် မရှိတစ်၀က် ဖြစ်နေခဲ့သည်။
နောက်ဆုံးတော့လဲ.ငယ်တစ်ယောက် အိပ်မောကျသွားခဲ့တော့သည်။

ဦးတိမ်တိုက်က ငယ်ကိုယ်ပေါ်သို့ စောင်ပါးလေးတစ်ထည်လွှမ်းခြုံပေးလိုက်ပြီးနောက် ငယ့်ပါးလေးအား..တစ်ချက်မျှ နမ်းရှိုက်လိုက်၏။
💓💓💓

""Bossစုံစမ်းခိုင်းးတာတွေ ရပါပြီ..'"

""ဟုတ်လား..ပြောစမ်းပါဦး..အဲ့ရန်နိုင်ရှင်းဆိုတဲ့..ကောင်လေးအကြောင်းကို..""

""ဟုတ်ကဲ့..boss..ရန်နိုင်ရှင်းက မိဘမဲ့ တစ်ကောင်ကြွက်တစ်ယောက်ပါ...အခုလောလောဆယ် ဘားဆိုင်တစ်ဆိုင်မှာ သီချင်းဆိုတဲ့ အလုပ်ကို လုပ်ကိုင်ပါတယ်..""

""ဟုတ်လား..သူရဲ့ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ .အကြောင်းတွေကရော...ဥပမာ ရည်းစားရှုပ်မရှုပ်နဲ့..ဥပဒေနဲ့ မလွတ်ကင်းတာမျိုးတွေ လုပ်ဖူးသလား တို့ပေါ့..""

""ဟုတ်ကဲ့..boss ကျွန်တော်စုံစမ်းမိသလောက်ကတော့..ရန်နိုင်ရှင်းရဲ့ ကိုယ်ကျင့်တရားက အရမ်းကောင်းမွန်နေတာကိုတွေ့ခဲ့ရပါတယ်..သူဆီမှာရည်းစားကိစ္စမျိုးနဲ့ပတ်သက်ပြီး အရှုပ်ရှင်းလဲ မရှိသလို..ဥပဒေနဲ့မလွတ်ကင်းတာမျိုးတွေလဲ..လုပ်ထားဖူးတဲ့ ရာဇ၀င်မျိုးတွေ မရှိခဲ့ပါဘူး..""

""ဪ..ဟုတ်လား..တကယ့်ကို လူလိမ္မာ လူယဉ်ကျေးလေး ဆိုပါတော့..ကဲ.ဆက်စမ်းပါဦး..ငယ်နဲ့သူ..ဘယ်လိုက‌နေ ဘယ်လိုစပြီး‌ဆုံတွေ့ခဲ့ကြတာလဲ.""

""အဲ..အဲ့ဒါက..နည်းနည်းထူးဆန်းနေတယ်.."

""ဟုတ်လား..ဘယ်လိုမျိုး ထူးဆန်းနေတာလဲ..""

""ရန်နိုင်ရှင်းရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ ဇွဲထက်ဆီကနေ..စကားအစ်ရသလောက်ဆိုရင်..
ငယ်နဲ့ထူးငယ်က..တကယ့်ရည်းစားတွေမဟုတ်ဘဲ..ဟန်ဆောင်တွဲနေကြတာဆိုလားဘဲ...""

❤️Love and sex ❤️20+Tempat cerita menjadi hidup. Temukan sekarang