ep ❤️25❤️

19K 731 189
                                    

❤️လမ်းခွဲပြတ်ဆဲခြင်း.❤️

(ဦးတိမ်တိုက်နဲ့ မှောင်ရင် မဖတ်ချင်ဘူးပြောကြလို့..အမှောင်ခန်းကို..မရေးပေးတော့ဘူးနော်..ကျော်ခွသွားလိုက်ပြီ..)

ငယ်နဲ့ ဦးတိမ်တိုက်တို့ အသွေးချင်း..ဖလှယ်ကာအကြိမ်ကြိမ်အခါခါ..ချစ်တင်းနှော ခဲ့ကြလေသည်။

""ကိုကြီး..ငယ်ကို မွေးစားထားတဲ့ စာချုပ်..ကိုဘယ်မှာ သိမ်းထားတာလဲဟင်..""

ငယ်..ဘေးနားမှာ လဲရင်း အမောဖြေနေတဲ့..ဦးတိမ်တိုက်ရဲ့ခါးကို..လှမ်းဖက်ထားရင်းနဲ့ ချွဲနွဲ့စွာ မေးလိုက်တယ်။

""အရေးကြီးတဲ့စာရွက်စာတမ်းတွေနဲ့အတူ..မီးခံသေတ္တာထဲမှာ သိမ်းထားတာပေါ့..ငယ်ရဲ့..""

""ဪ..ဟုတ်လား..ဟိုး..မီးခံသေတ္တာထဲမှာ သိမ်းထားတာလား..""

ကုတင်ဘေးနားမှာ ရှိနေတဲ့ မီးခံသေတ္တာလေးကို ညွှန်ပြရင်းနဲ့ ငယ် မေးလိုက်တယ်..။

""မဟုတ်ဘူး..စာကြည့်ခန်းထဲမှာရှိတဲ့ မီးခံသေတ္တာ ထဲမှာ..""

""ဟင်..ဟုတ်လား..စာကြည့်ခန်းထဲက..မီးခံသေတ္တာထဲမှာလား..""

""အင်း..ဒါနဲ့ ငယ် ဘာဖြစ်လို့.အဲ့စာချုပ်ကို..အခုမှ စိတ်၀င်စားနေရတာလဲ..""

""အာ..မဟုတ်ပါဘူး..ငယ် မြင်ဖူးချင်လို့ပါ..ဘာလဲ..ငယ် ဒါလေးမေးကြည့်တာတောင် မရဘူးလား..ပြော..""

ငယ်.အနည်းငယ် စိတ်အလိုမကျဟန်နဲ့ မေးလိုက်တော့..

""မဟုတ်ပါဘူး..ကိုယ်က..ရုတ်တရက်ကြီး..ငယ် ပြောင်းလဲသွားတော့..""

""ဘာလဲ .ကိုကြီးက..ငယ့်ကို မယုံတာလား...""

""မဟုတ်ပါဘူး..ကိုယ် ငယ့်ကို မယုံတာ မဟုတ်ပါဘူး..""

""မဟုတ်ဘူးဆိုရင်လဲ..အဲ့စာချုပ်ကို.ယူပြလေကွာ..ငယ် ကြည့်ချင်လို့ပါနော်..ကိုကြီး..""

ငယ်က ကလေးဆိုးလေးတစ်ယောက်လို ပူဆာရင်း..ဦးတိမ်တိုက်ရဲ့ နုတ်ခမ်းတွေကို တမွမွနဲ့ နမ်းပေးလိုက်သည်။

""အင်း..အွန်း..ဟုတ်ပါပြီ .ကိုယ်တို့တွေ ရေချိုးပြီးရင်..ယူပြမယ် ဟုတ်ပြီလား..""

❤️Love and sex ❤️20+Donde viven las historias. Descúbrelo ahora